Home » » ချစ်သူကောင်မလေးအတွက် ချစ်စဖွယ် စကားများ-၁

ချစ်သူကောင်မလေးအတွက် ချစ်စဖွယ် စကားများ-၁

Written By Unknown on Tuesday, May 6, 2014 | May 06, 2014



သင့်ချစ်သူကောင်မလေး တစ်ယောက် အံ့အားသင့်သွားအောင် လုပ်လိုပါသလား။
ချစ်သူ ကောင်မလေးဟာ သင့်ပြောစကားတွေ ကြားလိုက်တဲ့အခါ သူမရဲ့ မျက်နှာမှာ ပြုံးရိပ်တွေ ယှက်နွယ်သွားစေဖို့ ချစ်စဖွယ် စကားလုံးတွေကို တင်ပြပေးလိုက်ပါတယ်။

မိန်းကလေးတစ်ယောက် သဘောကျလာအောင် နဲ့ သူမကို ဆွဲဆောင်ဖို့ဆိုရင် အရင်ဆုံး နှစ်လိုဖွယ်ဖြစ်တဲ့ စကားလုံးတွေ ပြောရမှာပေါ့။ ကိုယ်က သူ့ကိုဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာကို ပြသတဲ့နေရာမှာ ဒူးလောက်တင်မှ ရင်လောက်ကျတာပါ။

သင်ဆိုရင်လည်း ကိုယ့်ချစ်သူရဲ့ အသိအမှတ်ပြုမှု၊ တစ်ခုခုကြုံလာရင် ဖေးမစာနာမှုတွေ အပေးခံရတယ်ဆိုရင် ခံစားလို့ ကောင်းတာပဲ မဟုတ်လား။ သင့်ကောင်မလေးလဲ ထိုနည်းလည်းကောင်းပေါ့။ ချစ်သူကို ပြောတဲ့ စကားလုံးတွေဟာ ချိုသာလေ၊ ချစ်စိတ်ကူးကောင်းလေ ကောင်မလေးတွေအတွက် အဓိပ္ပါယ်ရှိ လေပါပဲ။

လက်တွဲဖော်ဆိုတာကို မင်းနဲ့မှ ယုံကြည်တော့တယ်။

မင်းဟာ ကိုယ့်ဘ၀ကို အဓိပ္ပါယ်ရှိစေတယ်။

မင်းမရှိတဲ့ ကိုယ့်ဘ၀ကို တွေးလို့တောင် မ၀ံ့ဘူးကွာ။

ဘာလို့ အမြဲတမ်း အဲ့လောက်လှနေရတာလဲ။

မင့်အနားရှိတဲ့အချိန်တိုင်း ဖိုးကံကောင်းလိုလို။

ကိုယ့်ဘ၀ကြီး ပြီးပြည့်စုံနေတာ အဓိက မင်းကြောင့်။

မင်းရယ်ရင် အရမ်းချစ်ဖို့ ကောင်းတာပဲ။

မနေ့ညက မင်းကို အိပ်မက်မက်တယ်။ (မက်မက်၊ မမက်မက် ဇာတ်ကြောင်းတော့ ကြိုစဉ်းစား ထားဦး။)

ညတိုင်း မင့်အမှတ်နဲ့ ခေါင်းအုံးကြီး ဖက်ဖက်နမ်းပြီးမှ အိပ်ရတာလဲ အမော။

မင်းက ကိုယ့်ကို နားလည်တတ်လိုက်တာမှ အကြားအမြင်ရနေသလား အောင်

မင်းက ကိုယ့်ကို နားလည်တတ်လိုက်တာမှ အကြားအမြင်ရနေသလား မှတ်တယ်။

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation