Home » » နောက်ဆုံးကဗျာ

နောက်ဆုံးကဗျာ

Written By Unknown on Wednesday, May 21, 2014 | May 21, 2014


သွားပြီအချစ်ရေ...
အမုန်းတွေလည်းမရှိတော့
အချစ်တွေလည်းမသယ်သွားတော့
သံယောဇဉ်တွေလည်းဖြတ်ခဲ့ပါပြီ....။

တစ်ခါတစ်ခါ ဘ၀ဆိုတာ
ချိုသလားခါးသလားတွေးခဲ့တာတွေလည်း
အကျိုးမရှိတာ ကိုယ်သိခဲ့ပြီ။

သွားတော့ပါမယ်အချစ်ရယ်
မီးတောက်တွေက ကိုယ့်ကို ၀ါးမျို
ပြာတွေအဖြစ် ကိုယ် ပျံ့ကြဲလိုက်တော့မယ်။

မျက်ရည်စိုနဲ့ ငိုကြွေးခြင်းလား၊
အသစ်တစ်ဖန် ရယ်မောနိုင်ခြင်းလား..
မသိနိုင်တော့တာကို
မှန်းမကြည့်
ကိုယ်သွားပါတော့မယ်။

ကျေးငှက်ငယ်ရဲ့တေးဆိုသံလား
သစ်ရွက်တွေများ ယိမ်းကနေသလား...
ကိုယ့်ရှေ့မှာတော့
အလျှံညီးညီး မီး
တဟဲဟဲနဲ့အော်မြည်
ယိမ်းကနေလိုက်တာများလေ....။

ဒါဟာ နောက်ဆုံးဘ၀တော့ ဟုတ်ဟန်မတူ
ကိုယ်ဘ၀ကူးရဦးမယ်။

နောက်ဘ၀နောက်ခန္ဒာမှာ
မင်းကို ကိုယ်မသိ
ကိုယ့်ကိုမင်းမသိ
တကွေ့ကွေ့မှာ တွေ့ကြပါဦးမလား...။

ကိုယ့်ကို လွမ်းပြီးမကျန်ရစ်နဲ့
သံယောဇဉ်တွေနဲ့မချည်နှောင်နဲ့
အဓိပါယ်ရှိတဲ့ဘဝ
သေခြင်းတရားအတွက် ပြင်ဆင်ပါဦး။

ဒါဟာ ကိုယ့်အတွက် နောက်ဆုံးကဗျာ
မင်းအတွက်တော့ တသသ
လွမ်းရဦးမယ့်ကဗျာ...။

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation