Home » » မြန်မာ့ရိုးရာဗေဒင်တွင်လာရှိသော သားသမီးရေး

မြန်မာ့ရိုးရာဗေဒင်တွင်လာရှိသော သားသမီးရေး

Written By Unknown on Tuesday, May 6, 2014 | May 06, 2014

ယောင်္ကျားဖြစ်သူ၏ မွေးနံနှင့် မိန်းမဖြစ်သူ၏ မွေးနံကိုပေါင်းပြီးလျှင်(၂)ဖြင့်စားရ၏။ ထိုသို့စားသော အခါ ( ၀ )ကြွင်းလျှင် မိန်းကလေးမွေး၏။
ဥပမာ။ ။ ယောင်္ကျား အင်္ဂါသား၊ မိန်းမ ကြာသာပတေးသမီး
   ၃  +  ၅  =  ၈
   ၈  +  ၂  =  ၀ ကြွင်း၏။
             ထို့ကြောင့် ထိုအိမ်ထောင်ဖက်နှစ်ဦး၏ ပထမကလေးမှာ မိန်းကလေးဖြစ်နိုင်ပေသည်။ ဒုတိယကလေးကိုတွက်လိုသောအခါ၊
မိခင်၏မွေးနံနှင့် ပထမကလေး၏မွေးနံကို ပေါင်းရ၏။
ဥပမာ။ ။ ပထမကလေးမှာ ဗုဒဟူးသမီးဖြစ်၏။ မိခင်မှာ ကြာသပတေးဖြစ်၏။
ထို့ကြောင့် ၄  +  ၅  =  ၉
၎င်းရလာဒ်ကို (၂)ဖြင့်စားသော် (၁)ကြွင်း၏။
 ထို့ကြောင့် ဒုတိယကလေးမှာ ယောင်္ကျားလေးဖြစ်လိမ့်မည်။


အိမ်ဆောက်(လ)ရွေးနည်း

တန်ခူးလတွင်အိမ်ဆောက်ပါ  ဥစ္စာပေါကြွယ်ဝ။
ကဆုန်လကား ဆန်စပါး ပေါများကြွယ်ဝလှ။
ဝါခေါင်လမှာ ဆောက်လေပါ ချမ်းသာမြတ်သုခ။
နတ်တော်လတွင် အိမ်ဆောက်လျှင် ထင်ပေါ်ကျော်စောစွ။
ပြာသိုလမှာ လူတကာ များစွာချီးမွမ်းရ။
တပေါင်းလ၀ယ် ချမ်းသာကြွယ် ဆောက်ဖွယ် ခြောက်လ။


yetayzakyaw528.blogspot.com/ (ကာရံငယ်)

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation