Home » , » ချစ်သူကောင်မလေးအတွက် ချစ်စဖွယ် စကားများ-၂

ချစ်သူကောင်မလေးအတွက် ချစ်စဖွယ် စကားများ-၂

Written By Unknown on Wednesday, June 11, 2014 | June 11, 2014


 
သင့်ချစ်သူကောင်မလေး တစ်ယောက် အံ့အားသင့်သွားအောင် လုပ်လိုပါသလား။
ချစ်သူ ကောင်မလေးဟာ သင့်ပြောစကားတွေ ကြားလိုက်တဲ့အခါ သူမရဲ့ မျက်နှာမှာ ပြုံးရိပ်တွေ ယှက်နွယ်သွားစေဖို့ ချစ်စဖွယ် စကားလုံးတွေကို တင်ပြပေးလိုက်ပါတယ်။

မိန်းကလေးတစ်ယောက် သဘောကျလာအောင် နဲ့ သူမကို ဆွဲဆောင်ဖို့ဆိုရင် အရင်ဆုံး နှစ်လိုဖွယ်ဖြစ်တဲ့ စကားလုံးတွေ ပြောရမှာပေါ့။ ကိုယ်က သူ့ကိုဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာကို ပြသတဲ့နေရာမှာ ဒူးလောက်တင်မှ ရင်လောက်ကျတာပါ။

သင်ဆိုရင်လည်း ကိုယ့်ချစ်သူရဲ့ အသိအမှတ်ပြုမှု၊ တစ်ခုခုကြုံလာရင် ဖေးမစာနာမှုတွေ အပေးခံရတယ်ဆိုရင် ခံစားလို့ ကောင်းတာပဲ မဟုတ်လား။ သင့်ကောင်မလေးလဲ ထိုနည်းလည်းကောင်းပေါ့။ ချစ်သူကို ပြောတဲ့ စကားလုံးတွေဟာ ချိုသာလေ၊ ချစ်စိတ်ကူးကောင်းလေ ကောင်မလေးတွေအတွက် အဓိပ္ပါယ်ရှိ လေပါပဲ။

မင့်အပြုံးလှလှကို မြင်လိုက်ရတော့ ကိုယ်ဝမ်းနည်းနေတာတွေတောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။

တရေးနိုးရင် မင်းပျောက်သွားမှာ စိုးရိမ်ပြီး ထထစမ်းရတာလဲအမော။ (တကယ်တော့ အတူရှိမနေနိုင်သေးဘူးလေ။)

မင့်နဲ့ မဆုံခဲ့တဲ့ ဟိုးအရင် နှစ်တွေကို နှမျောလိုက်တာ။

မင်းရဲ့ ချစ်စရာကောင်းတဲ့ အပြုံးတစ်ချက်မှာ ကိုယ်အရည်ပျော်ပျော် သွားတာ သိရဲ့လား။

မင်းကို သိပ်ချစ်တယ်။ ရှင်းပြဖို့ ကြိုးစားလည်း လုံလောက်တဲ့ စကားလုံးမတွေ့ဘူး။

မင်းနဲ့အတူရှိနေရင် ကစားကွင်းထဲရောက်သွားတဲ့ ကလေးတစ်ယောက်လိုပဲ ရင်ခုန်စိတ်လှုပ်ရှားရတယ်။

ဖုန်းချခါနီး  အာဘွားပေးတာ၊ အရမ်းချစ်တယ်လို့ ပြောရတာ တွေကိုကြိုက်တယ်။

မင်းဆံနွယ်တွေကို ကိုယ့်လက်နဲ့ဖွရတဲ့ ခံစားမှုကို ကြိုက်တယ်။

ပြန်တော့မယ်နော်လို့ နှုတ်ဆက်တိုင်း မင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားရတာ ကြိုက်တယ်။

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation