Home » » `စမင်(ရေဘီလူးတို့ အကြောင်း)´

`စမင်(ရေဘီလူးတို့ အကြောင်း)´

Written By Unknown on Monday, June 30, 2014 | June 30, 2014


               စမင်(ရေဘီလူး)

             နီဂရွိုက်(နီဂရစ်တို) တို့သည် အသားမဲအရုပ်ဆိုးကြသည့် လူမျိုးများဖြစ်ကြသည်။  မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံ တွေက၄င်း လူမျိုးများကို စမင်(Samai) လို့ခေါ်ကြတယ်။  ၄င်းအဆက်အနွယ်များမှာ ဘီင်္လူးနှင့်တူသော ရှေးဟောင်းအဆက်အနွယ်များဖြစ်ကြသည်.။ ဘီစီ၂၅၀ (BC 250) လောက်က ၄င်းလူမျိုးများကို ၊ ၄င်းတို့ ပေါက်ဖွားရာ အရပ်ဒေသမှလူတွေက ကြမ်းတမ်းသောလူသားစားဘီလူး များအဖြစ်သတ်မှတ်ကာ မောင်းထုတ်ကြသောကြောင့် ပင်လယ်ကျွန်းတွေဆီေ၇ာက်ခဲ့တယ်။
               မြန်မာနိုင်ငံတွင်မွန်ပြည်နယ် ဘီလူးကျွန်းဟု အမည်တွင်သောနေရာတွင် စမင်ဟုခေါ်သည့် ဘီလူးကဲ့သို့ကြမ်းတမ်းခက်ထန်လှသော နီဂရွိုက်(နီဂရစ်တို) လူမျိုးတို့လာရောက်နေထိုင် ခဲ့သည်ဟု   ဒေါက်တာဂျီအေဂရီအာဆင် ပြုစုသည့် အိန္ဒိယနိုင်ငံ ဘာသန္တရ လေ့လာမှု စစ်တမ်းမှာ ဖော်ပြရေးသားထားသည်.။
                စမင်ကို မွန်တိုင်းရင်းသားတွေက စမောင်း လို့ခေါ်ကြတယ်။ ၄င်းတို့ကိုလူသားစားတဲ့ ရေဘီလူးတွေလို့ ဖော်ပြရေးသားကြတယ်။ နောက်ပိုင်းရောက်လာတော့ မွန်လူမျိုးတွေရဲ့ တိုက်ခိုက်မှုကြောင့် စမင်တွေဟာ ပင်လယ်ထဲကကျွန်းတွေဆီထွက်ပြေးခဲ့တယ်။ `ဂရိ´ ပတ၀ီ ပညာရှင်တော်လမီ ရွက်လွင့်သွားလာနေတဲ့ မုတ္တမပင်လယ်ကွေ့ရောက်တော့ လူသားစားတဲ့ ဘီလူးနဲ့တူတဲ့ လူရိုင်းများ ကိုတွေ့ခဲ့ တယ်ဆိုတာ စမင်ဟုခေါ်သော နီဂရွိုက်လူမျိုး များကိုတွေ့ခဲ့ခြင်းဖြစ် ဟန်ရှိသည်။ သူတို့တွေဟာ အုပ်စုလိုက် တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်တာမျိုးလဲရှိ ခဲ့တယ်။
                  သထုံ ကျောက်စာမှာ ရှေးအခါက သထုံနယ်ဟာ ဘီလူးနိုင်ငံဖြစ်ခဲ့ဖူးတယ်ဆိုတာ စမင်တွေကိုရည်ညွန်းပြောတာဖြစ်ပေမည်.။ သထုံကို မွန်တွေဝင်ရောက်လာပြီး စဉ်က ဘီလူးတွေနဲ့ တိုက်ခဲ့ရသည့် အကြောင့်း ကို သီဟိုဠ် ဒီပ၀င် (အေဒီ ၆ ရာစု) နှင့် ကလျှာဏီမွန်ကျော့က်စာ (၁၅ရာစု) ၌ ဖော်ပြထားထားလေသည်။
                    အဇေတ္တ ကုမ်မာ ၀တ္ထု မွတန်စာပေ၌ဗာရာဏသီ မင်းက ပုရပိုက်မှာ တွေ့ရတဲ့ ခေါင်းဆေးကျွန်းအောက် နားမှာရှိတဲ့ ပင်လယ်ရေအောက် နေရာမှာရှိတဲ့ နတ်မိမယ် ကိုရဖို့ ရွက်သင်္ဘော ခုနှစ်ကြီမ်လွှတ်ရာ မှာ ခုနှစ်ကြီမ်လုံးဘီလူးအစားခံရတယ်လို့ ဖော်ပြထားတယ်။ ရှစ်ကြီမ်မြောက်မှာ အဇေတ္တကုမ်မာကို လွှတ်မှ အောင်မြင်သွားခဲ့တယ် ။ မင်းသားဟာ သရေစာနဲ့ အဖျော်ယမကာ တွေတင်ဆောင်ယူလာပြီး ဘီးလူးကျွန်းရောက်တော့ စမင်တွေနဲ့မိတ်ဆွေ ဖွဲ့နိုင်ခဲ့လို့ အောင်မြင်ရတာဖြစ်ကြောင့်းဖော်ပြထားလေသည်.။  ထိုစမင် အကြောင်းကို ကျွန်တော်သိသလောက် လေ့လာဖော်ပြရခြင်းဖြစ်ပါသည်။(့YTZK*)

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation