အမျိုးသမီးတို့သည် အမျိုးသားတို့၏ နှလုံးသားကို ညို့ယူဖမ်းစားလိုသော သဘောရှိ၏။
အမျိုးသားတို့၏ ချစ်ခင်နှစ်သက်မူ၊ စွဲလမ်းမြတ်နိုးမူတို့ကိုလည်း လိုလား၏။
ထို့ကြောင့် အမျိုးသားတို့၏ ချစ်ခင်နှစ်သက်မူ၊ စွဲလမ်းမြတ်နိုးမူတို့ကို
အပိုင်ဖမ်းယူနိုင်စေရန် ၎င်းတို့၌ရှိသော လက်နက်ငါးမျိုးတို့ဖြင့် အသုံးပြုလေ့ရှိ၏။
ထိုငါးမျိုးတို့မှာ -
(၁) အဆင်းဟူသော ရူပါရုံ၊
(၂) အသံဟူသော သဒ္ဒာရုံ၊
(၃) အနံ့ဟူသော ဂန္ဓာရုံ၊
(၄) အရသာဟူသော ရသာရုံ၊
(၅) အတွေ့အထိဟူသော ဖောဋ္ဌဗ္ဗာရုံ တို့ ဖြစ်ပါသည်။
အမျိုးသားများလည်း ဤလက်နက် ငါးမျိုးကို အမျိုးသမီးများနည်းတူ ချစ်ခင်နှစ်သက်မူ၊ စွဲလမ်းမြတ်နိုးမူတို့ကို အပိုင်ဖမ်းယူနိုင်စေရန် အသုံးပြုလေ့ရှိ၏။
အရှင် ကောလိယ ရေးသားပြုစုတော့ " အမျိုးသမီးဘဝနှင့် ဗုဒ္ဓအမြင် " စာအုပ်မှ

0 comments:
Post a Comment
သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)