Home » » သင်စိတ်ညစ်နေတဲ့ အခါ ဒီစာကို ဖတ်ပါ..။

သင်စိတ်ညစ်နေတဲ့ အခါ ဒီစာကို ဖတ်ပါ..။

Written By Unknown on Wednesday, August 6, 2014 | August 06, 2014

 https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/10526029_471524269658957_7468455379630242660_n.jpg?oh=a6acbdbcbd89bbe8b5da84488952098d&oe=5447E487&__gda__=1412662335_cf0f6e239be34d5983a52d6ab977734b
** အချို့ကမေးကြတယ်…

စာတွေကခက်လို့ ကျောင်းဆက် မတတ်ချင်တော့ဘူး၊ စာကျက်ချင်စိတ်လည်း မရှိတော့ဘူးတဲ့။

** အချို့ကလည်း မေးကြပြန်တယ်.. ချစ်သူက ခွဲသွားလို့ ဒီဘဝမှာ မနေချစ်တော့ဘူးတဲ့၊ စားချင်စိတ်၊ လုပ်ချင် ကိုင်ချင်စိတ် မရှိတော့ဘူး လောကကြီးက ရက်
စက်လိုက်တာတဲ့။

** အချို့လည်း ပြောကြပြန်တယ် လောကကြီးကမတရားဘူးတဲ့ တစ်နေ့ ၈-နာရီအလုပ် လုပ်တာချင်းတူပေမယ့် အချို့မှာ စီးပွားတိုးတက် အောင်မြင်လို့ .. သူမှာတော့ တိုးတက်ရာလမ်းမမြင်တော့ ဒီလိုပဲ ဘဝနိဂုံးချုပ်ရ တော့မယ် ထင်ပါတယ်တဲ့။

ဒီလိုအတွေးအခေါ်မျိုး စာရေးသူတို့လည်း တခါတခါဖြစ်ပေါ် ဖူးပါတယ်။

ကိုယ်လုပ်တိုင်း မအောင်မြင်တဲ့အခါ၊ အခက်အခဲတွေ
ကျော်လွှားရတဲ့အခါမှာ ဒီစိတ်ဓာတ်မျိုးတွေ ဝင်လာတတ်ပါတယ်။

လောကကြီးမှာ ကိုယ့်စိတ်တိုင်းကျ အနိုင်ရကြစေဆိုရင် စာမေးပွဲတွေဆို တာ မရှိတော့သလို၊ ပြိုင်းပွဲတွေကလည်း ကျင်းပကြတော့မှာ မဟုတ်ပါဘူး။ လူတိုင်းဟာ ကိုယ့်စိတ်တိုင်းကျ ဖြစ်နေပြီကို။

ဒါမျိုးဆိုတာကလည်း လူလောက ၊ ယုတ်စွ နတ်ပြည်မှာတောင် ရှိမယ့်မထင်ပါဘူး။

ဒါကြောင့် စိတ်ဓာတ်တွေကျတဲ့ခါမှာ ဗုဒ္ဓဘာသာနည်းအရ ဂုဏ်တော် ပွားကြလို့ ဆရားသမားများက တိုက်တွန်းပေးခြင်းပါပဲ၊ ဂုဏ်တော် ပွားခြင်းဖြင့် သမာဓိတွေကောင်းလာမယ်။ ဗုဒ္ဓရဲ့တည်ငြိမ်တဲ့ စွမ်းအားတွေ စိမ့်ဝင်လာပြီး ကိုယ့်ကိုယ် ယုံကြည် မှုတွေများလာပါမယ်။

ဘာသာခြားများလည်း မိမိတို့ဆိုင်ရာ၊ ယုံကြည်ရာကို တစိုက်မက်မက် လုပ်ခြင်းအားဖြင့် စိတ်စွမ်းအာတွေ တက်လာမှာဖြစ်ပါတယ်။

နောက်တစ်ခုက.. ဘဝကို စိတ်ညစ်လို့ ထိုင်တွေးတောနေမယ့်အစား လုပ်သင့်တာ တစ်ခုခုကို အချိန်မဖြုန်းပဲ ချက်ခြင်းလက်ငင်း လုပ်ဖို့ပါပဲ။

တချို့ ဗုဒ္ဓကို စဉ်စားရင် အားလုံးပြည့်စုံပြီးသား လိုတိုင်းရ ၊ ကြံတိုင်အောင် ၊ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တဲ့ ဖန်ဆင်းရှင်ကြီးလို့ ထင်တတ်ကြပါတယ်။

ဗုဒ္ဓဟာ.. တန်ခိုးကြီးပေမယ့် လောကကြီးမှာ သူလို ၊ ကိုယ်လို
လောကဓံတရား တွေနဲ့ နေထိုင်းသွားခဲ့ပါတယ်။

တစ်ခါတုန်းက မြတ်စွာဘုရားဟာ ဝေရဉ္ဖာပုဏ္ဏားရဲ့ ပင့်ဖိတ် ချက်အရ
ဝေရဉ္ဖာပြည်မှာ ဝါဆိုဖူးပါတယ်။

မြတ်စွားဘုရာ ဝါဆိုတဲ့ နှစ်မှာပဲ ဝေရဉ္ဖာပြည်ကြီး အစားအစာရှားပါတဲ့ ဒုဗ္ဘိက္ခကန္တရကပ် ဆိုက်ရောက်ပါ တော့တယ်။

လူတွေရှားပါးပြီးဆိုတော့လည်း ဗုဒ္ဓနှင့်ရဟန်းတော်များအတွက်လည်း ဆွမ်းမလောင်လှူနိုင်တော့ဘူးပေါ့။ အဲဒီအချိန်မှာပဲ ဥတ္တရပထတိုင်းမှ
မြင်းကုန်သည်တွေ မြင်းငါရာနဲ့ ဝေရဉ္ဇာပြည်ကို ဝါတွင်းသုံးလပတ်လုံး စတည်းချပါတယ်။

ရဟန်းတော်တွေဟာ ဝေရဉ္ဖာပြည်ထဲမှာ ဆွမ်းအခက်အခဲ
တွေ့တော့ မြင်းကုန်သည်တွေ ဆီသွားပြီး ဆွမ်းကြွပါတယ်။
မြင်းကုန်သည်များကလည်း သဒ္ဓါတရားနဲ့ ဆွမ်းလောင်းလှူကြပါတယ်။

သူတို့လည်း မြင်းကျွေးတဲ့ မုယောဆံကြမ်းတွေကိုပဲ
လောင်းလှူနိုင်ပါတယ်။ဒါကြောင့် ဗုဒ္ဓနှင့် ရဟန်းတော်များဟာ အဲဒီမုယောဆံကြမ်းတွေကိုပဲ ဘုဉ်းပေးရပါတယ်။

မြတ်စွာဘုရား မုယောဆံကြမ်းတွေ ဘုဉ်းပေးတာ မကြည့်ရက်တော့ အရှင်မဟာမောဂ္ဂလာန်က

“ မြတ်စွာဘုရား … ယခု ဝေရဉ္ဖာပြည်ကြီးဟာ အစာရေစာ ပြတ်လတ်ပြီး ဒုက္ခရောက်နေပါတယ်။ ရဟန်းတေယ်များအတွက်လည်း ဆွမ်းအခက်
အခဲတွေ့နေပါတယ်။ မြေကြီးရဲ့ အောက်အပြင်မှာ အဆီသြဇာနဲ့ ပြည့်စုံတဲ့
မြေဆီမြေလွှာတွေရှိနေပါတယ်။ တပည့်တော် အဲဒီမြေဆီမြေလွှာတွေ ရယူဖို့အတွက် ကမ္ဘာမြေကြီးကို ပြောင်းပြန်လှန်လိုက်ပါမယ်ဘုရား” လို့လျှောက်ထားလိုက်ပါတယ်။

ဒီတော့ ဗုဒ္ဓက… “ ချစ်သားမောဂ္ဂလာန် ဒါဆိုမြေကြီးကို မှီပြီးတည်နေတဲ့ သတ္တဝါတွေကိုဘယ်လို့လုပ်မလဲ” လို့မေးတော့။
“ တပည့်တော် လက်တစ်ဖက်ကို ကမ္ဘာမြေကြီး ဖန်ဆင်းပြီးတော့ အဲဒီဖန်ဆင်းထားတဲ့ မြေကြီးပေါ်မှာ တင်ထားပါမယ်ဘုရား” လို့လျှောက်ထားပါတယ်။

“ ချစ်သာ မောဂ္ဂလာန် သင်ဒါတွေကို မနှစ်သက်နဲ့၊
ဖောက်ပြန်ခြင်းဆိုတဲ့ လောကဓံဟာ သတ္တဝါတိုင်း တွေကြုံရမှာပဲ” လို မိန့်တော်မူပါယ်။

ဒါဆို တပည့်တော်တို့.. “အစာရေစာ ပေါများတဲ့ မြောက်ကျွန်းကို တန်ခိုးနဲ့ ဆွမ်းခံကြွရင်ကောဘုရား” လို့မေးတော့။

"ချစ်သား… လောကဓံကို ကြံကြံခံစမ်းပါ.. သာမန်လူသားတွေအတွက် မဖြစ်နိုင်တဲ့ အရာကို မနှစ်သက်ပါနဲ့၊ မလုပ်ချင်စမ်းပါနဲ့"လို့ တားမြစ်တော်မူပါတယ်။ ( ပါရာဇိကပါဠိ၊ ဝေရဉ္ဖာ)

ဗုဒ္ဓနဲ့ရဟန်းတော်များ အဲဒီအစာရေဆာခေါင်းပါတဲ့ လောကဓံကို သုံးလကြာအောင် ကြံကြံခံသွားပါတယ်။

သင်...အဲဒီလို့နေရာမျိုးရောက်ရင် ဘယ်လိုရင်ဆိုင်မလဲ…။
အောင်မြင်တယ်ဆိုတာဒီလောကဓံတွေကို ကျော်လွှာနိုင်းခြင်းကို
ခေါ်တာပါ။

အောင်မြင်မှုဆိုတာ .. ဆုတောင်းရုံနဲ့ ရလာခြင်းမဟုတ်သလို၊ ဘုရာသခင် ကယ်မခြင်းကြောင့်လည်း မိမိထံ အလိုလိုရောက်လာတာ မဟုတ်ပါဘူး။

***စာတွေခက်လို့ စာမကျက်ချင်သူများ … အခေါက်အခါခါ လေ့လာလိုက်ပါ.. ။ တကြိမ်မရ၊ နှစ်ကြိမ်၊ အကြိမ်ပေါင်းများစွာ လေ့လာခွင့်ရှိပါတယ်။

ရည်းစား ပစ်သွားလို့ စိတ်ညစ်နေသူများ… စိတ်သစ် ၊ကိုယ်သစ်တွေနဲ့
မွေးလိုက်စမ်ပါ.. သူလိုလူကမ္ဘာပေါ်မှာ အများကြီးပါ၊ ကံကုန်လို့ မဆုံရတာကို .. ၊ နောက်တခါကံဆုံတဲ့သူနဲ့တွေ့မှာပေါ့၊

ကောင်းကင်မှာရှိတဲ့ ကြယ်များဟာ သောကြာကြယ်လောက် အလင်းမတောက်ပဘူးလို့ထင်ရပေမယ့် ၊ဟိုအဝေးကြီးမှာရှိတဲ့ ကြယ်တိုင်းမှာလည်း သူ့အလှနဲ့ သူ့အလင်းရောင်းတွေရှိပြီးသားပါ။

လင်းလတ်နေတဲ့ ကြယ်တိုင်းဟာ ချစ်စရာလေးတွေပါ။

* ကိုယ်လုပ်တိုင်း မအောင်မြင်လို့ စိတ်ညစ်နေသလား ?

ကိုယ့်အထက်ကိုပဲ မော်မကြည့်ပါနဲ့ ကိုယ့်အောက် မှာလည်း
လူတွေအများကြီး။ဒီထက်အောင်မြင်ချြင်ရင် ၊ ဒီထက် အသိပညာတွေမြင့်တင်လိုက်ပါ၊ စိတ်ကောင်း ၊ နှလုံးကောင်းမွေးပါ ၊ အမြဲတမ်း တတ်တတ်ကြွကြွရှိနေပါစေ…
အချိန်တန်ရင် အောင်မြင်၊ကျော်ကြားမှုတွေက မခေါ်ပဲနဲ့  ရောက်လာ
ပါလိမ့်မယ်။
မေတ္တာဖြင့်..............
http://yetayzakyaw1500.blogspot.com/

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation