Home » » ကမ္ဘာ့နိုင်ငံအသီးသီးက ထူးဆန်းအံ့သြဖွယ်ဥပဒေ ၂၅ဝ

ကမ္ဘာ့နိုင်ငံအသီးသီးက ထူးဆန်းအံ့သြဖွယ်ဥပဒေ ၂၅ဝ

Written By Unknown on Thursday, September 18, 2014 | September 18, 2014



 

အင်္ဂလန်စာရေးဆရာ Richard Happer က ကမ္ဘာ့နိုင်ငံအသီးသီးက ထူးဆန်းအံ့သြဖွယ်ဥပဒေ ၂၅ဝချက်အကြောင်းကို
"The law is an ass"ဆိုပြီး စာအုပ်ရေးသားထုတ်ဝေခဲ့တယ်။ ဥပဒေတချို့ကို အကြမ်းဖျင်း ဘာသာပြန်မျှဝေလိုက်ပါတယ်။

ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံမှာ အတွင်းခံဘောင်းဘီတိုမဝတ်ဘဲ အိမ်ပြင်မထွက်ရတဲ့ ဥပဒေရှိတယ်။ အတွင်းခံဘောင်းဘီမဝတ်ဘဲ အပြင်ထွက်ရင် ဥပဒေကိုကျူးလွန်ရာရောက်ပါတယ်။ ရှပ်အင်္ကျီမဝတ်ဘဲ ကားမမောင်းရပါတဲ့။

စင်ကာပူ
စင်ကာပူနိုင်ငံမှာ ပီကေမဝါးရ ဥပဒေရှိပါတယ်။ ၁၉၉၂ခုနှစ်ကစပြီး စင်ကာပူနိုင်ငံမှာ ပီကေထုတ်လုပ်တာ၊ တင်သွင်းတာ၊ ရောင်းဝယ်တာ၊ စားတာတွေ မလုပ်ရ တားမြစ်ထားပါတယ်။ ၂ဝဝ၄ခုနှစ်ရောက်မှ ဆေးဆိုင်တစ်ချို့မှာ ဆေးပီကေတွေကိုရောင်းခွင့်ပေးပါတယ်။ ဆေးပီကေကိုဝယ်ရင်လည်း ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဖြည့်ရပါတယ်တဲ့။

ဘရုနိုင်း
ဘရုနိုင်းနိုင်ငံမှာ အများပြည်သူသုံးနေရာတွေမှာ ဒူးရင်းသီးမစားရတဲ့ဥပဒေ ထုတ်ထားပါတယ်။ ဘတ်စ်ကား၊ မြေအောက်ရထား၊ ဟိုတယ်၊ လေယာဉ်ကွင်းတွေမှာ ဒူးရင်းသီးမစားရပါဘူးတဲ့။

ဂျပန်
ဂျပန်နိုင်ငံမှာ လူတွေကို ဝခွင့်မပေးတဲ့ဥပဒေ ရှိပါတယ်။ ဂျပန်ဟာ ကမ္ဘာပေါ်မှာ ဝသူဦးရေနှုန်း နည်းပါးတဲ့နိုင်ငံဖြစ်တယ်။ (၅%သာရှိပါတယ်။ အမေရိကားမှာ ၃၅%ရှိပါတယ်) ဂျပန်ဥပဒေဟာ ၂ဝဝ၉ခုနှစ်မှာ ခါးအတိုင်းအတာအကြီးဆုံးကို သတ်မှတ်ခဲ့သေးတယ်။ အသက် ၄ဝနှစ် သို့မဟုတ် ၄ဝနှစ်အထက်အမျိုးသားတွေရဲ့ ခါးပတ်အကျယ်ဟာ ၈ဝ cmထက်မကျော်ရ၊ အဲဒီအသက်အရွယ် အမျိုးသမီးတွေရဲ့ခါးပတ်အကျယ်ဟာ ၉ဝcmထက် မကျော်ရလို့ သတ်မှတ်ထားပါတယ်တဲ့။

ဆွစ်စလန်
ဆွစ်စလန်နိုင်ငံမှာ ည ၁ဝနာရီကျော်ရင် အိမ်သာရေမလောင်းရ ဥပဒေရှိပါတယ်။ အနံ့နံခြင်းက ဆူညံခြင်းထက် ပတ်ဝန်းကျင်ကို ပိုသက်ရောက်စေလို့ပါတဲ့။ ဒါကြောင့် ည၁ဝနာရီကျော်မှာ အိမ်သာရေလောင်းတာဟာ ဥပဒေကိုချိုးဖောက်တာပဲဖြစ်ပါတယ်။

အရက်မသောက်ရဥပဒေ
အမေရိကန်နိုင်ငံ St. Louisမြို့မှာ လမ်းပေါ်မှာထိုင်နေတုန်း ဘီယာမသောက်ရ တားမြစ်ထားပါတယ်။
Chicagoမြို့မှာ မြို့ရဲ့ဘယ်ထောင့်တစ်နေရာမှာပဲဖြစ်ဖြစ် သင်ရပ်ပြီး အရက်သောက်ရင် သင့်ကိုဖမ်းဆီးခွင့်ရှိပါတယ်။
Kansasပြည်နယ် Topekaမြို့မှာ ရေနွေးကြမ်းခွက်နဲ့ အရက်ထည့်မသောက်ရ တားမြစ်ထားပါတယ်။
Clevelandမြို့မှာ ဝီစကီပုလင်းလိုက်မော့ခွင့် တားမြစ်ထားပါတယ်။
ကနေဒါရဲ့ Saskatchewanမြို့နယ်မှာ အရက်ဘားမှာ ရေမသောက်ရတားမြစ်ထားပါတယ်တဲ့။


ကျန်တချို့နိုင်ငံရဲ့ဥပဒေကို ဒီမှာသွားကြည့်နိုင်ပါတယ်.. http://www.ltaaa.com/wtfy/6394.html

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation