Home » » အပြုံး ပြဿနာ

အပြုံး ပြဿနာ

Written By Unknown on Tuesday, September 30, 2014 | September 30, 2014



လမ်းပေါ်မှာ
ကောင်မလေးတွေနဲ့
တွေ့လိုက်တယ်
ပြုံးပြလိုက်တော့
*သွား* တွေအအေးပတ်
ကုန်မယ်နော်တဲ့။

ကျောင်းရောက်တော့
ဆရာမကို ပြုံးပြလိုက်တယ်
မင်း အိမ်စာတွေသေချာ
လုပ်လာရဲ့လားတဲ့။

အဲဒီနောက် အဲဒီနောက်မှာ
ကျောင်းရှေ့ဝရန်တာမှာ
အေးအေးဆေးဆေး
ငါထိုင်လိုက်တယ်
ရှေ့နားက
ဖြတ်လျှောက်သွားတဲ့
ကောင်မလေးတွေက
မာန ကြီးလိုက်တာတဲ့။

အခန်းထဲရောက်တော့
ငြိမ်ငြိမ်လေး ပြန်ထိုင်လိုက်တယ်
ဆရာမက မင်းဒီနေ့ဘာဖြစ်တာလဲ
ငါ့ကိုများ တစ်ခုခုမကျေနပ်လို့လားတဲ့
ပြဿနာ လာရှာသေးတယ်။

ငါ...ငါ တစ်ခုခုတော့
လွဲနေပြီနဲ့တူတယ်။

သြော်...လူတွေ လူတွေ
ခက်တော့တာပါပဲ။ ။

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation