Home » » မြွေလည်ဆွဲ (Ringneck snake)

မြွေလည်ဆွဲ (Ringneck snake)

Written By Unknown on Monday, September 8, 2014 | September 08, 2014




လည်ပင်းမှာ လည်ဆွဲလို အဆင်းကျားပါလို့ မြွေလည်ဆွဲ (Ringneck snake) လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အသွင်သဏ္ဍန်ကတော့ ပုံမှာ မြင်တွေရတဲ့အတိုင်း အရောင်အသွေးစုံ လင်လှပြီး အနီရောင်၊ အဝါရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အနက်ရောင် အစရှိသဖြင့် စုံစုံလင်လင်ကို ပါရှိပါတယ်။ ဒါကြောင့် သက်တံ့မြွေလို့လည်း တင်စားကြပါတယ်။ လူသားတွေကို အန္တရယ်ပြုရလောက်အောင် အဆိပ်မပြင်းပါဘူး။ အချို့ ဆို အလှတောင် မွေးထးကြပါသေးတယ်။ အရွယ်ကတော့ ၁၀ လက်မ ကနေ ၁၈ လက်မကြားအထိ ရှည်နိုင်ပါတယ်။ Ringneck မြွေမှာကိုမှ မျိုးစိတ် ၁၄ ခုလောက် ထက်ကွဲနေပါသေးတယ်။

အမေရိကန်နိုင်ငံ၊ မက္ကဆီကိုအလယ်ပိုင်း၊ ကနေဒါနိုင်ငံ အရှေ့ ပိုင်းတို့မှာ သာ တွေ့ရတဲ့ မြွေမျိုး ဖြစ်ပါတယ်။ အမေရိကန်မှာဆိုရင် တက္ကဆက်တို့ လို နေရာမှာပဲ အတွေ့များတဲ့ မြွေ ဖြစ်ပါတယ်။ ပုတ်သင်၊ ပုတက်၊ ကြွက် အစရှိသဖြင့် အကောင်သေး မြေအောင်း သတ္တဝါများ စားသုံးပြီး တစ်ခါခါ မျိုးကွဲ မြွေတွေကိုလည်း စားသုံးပါတယ်။

နေ့ဘက်မှာ မြင်ရခဲပြီး တစ်ခါခါမှ နေပူဆာ ထွက်လုံတတ်တာ ဖြစ်ပါတယ်။ ပုံစံအားဖြင့် အမြင်တင့်တယ်လှတဲ့ Ringneck Snake (မြွေလည်ဆွဲ)ကို ယခု လို မြင်တွေ့ ရပါတယ်။

by innewsmyanmar

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation