Home » , » သင့်ကို အသေသတ်နေတာ အဆီမဟုတ်ဘဲ သကြားသာဖြစ်နေ

သင့်ကို အသေသတ်နေတာ အဆီမဟုတ်ဘဲ သကြားသာဖြစ်နေ

Written By Unknown on Sunday, November 30, 2014 | November 30, 2014


https://encrypted-tbn1.gstatic.com/images?q=tbn:ANd9GcT-hqYiCIWNP_wVOy_SeS5F-w8N92sYehuys6-gaOsW7H1e-vS5

လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ပေးတယ် ၊ အစားအသောက်ကိုလည်း သင့်တင့်မျှတအာင်စားနေပေမဲ့ အလေးချိန်ကျဖို့ အားစိုက်လုပ်နေရတုန်း၊ ဒါမှမဟုတ် ပိုဆိုးတာက တစ်နေကုန် နွမ်းနယ်မှုတွေ ခံစားနေရတယ်ဆိုရင် ဘာ့ကြောင့်များလဲဆိုပြီး အကြောင်းမသိဘဲ အဝေးကြီးစဉ်းစားတတ်ကြတယ်။ တကယ်တော့ သင်နေ့စဉ်စားသုံးနေတဲ့ သကြားဗူးထက် အဝေးကိုကြည့်နေစရာတောင်မလိုပါဘူး။

ခုခေတ်သကြားတွေမှာ ကျွန်ုပ်တို့ထင်ထားတာထက် ပိုပြီး ဒုက္ခပေးတတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါကို ကျွန်ုပ်တို့ မမြင်တတ်ကြသေးဘူးပေါ့။ မူးယစ်ဆေး သို့မဟုတ် အရက်နဲ့ တစ်သားတည်း ကျနေတဲ့ ဟော်မုန်းဆိုင်ရာ ဇီဝပြောင်းလဲမှုတစ်ရပ်ကြောင့် ကျွန်ုပ်တို့ ခန္ဓာကိုယ်မှာ သကြားဓာတ်စားသုံးပေးဖို့ စနစ်တကျ ဖွဲ့စည်းထားပြီးဖြစ်တယ်။ ဒီအချက်ကြောင့် သကြားအချိုဓာတ် ပါဝင်တဲ့ အစားအစာများ ဝေးဝေးရှောင်ရန် စိတ်ပိုင်းဖြတ်ဖို့ အခက်အခဲဖြစ်စေပါတယ်။ ဟော်မုန်းဓာတ် မညီမျှခြင်းကို အချိုမုန့်အမျိုးအစားတွေနဲ့ ဒိုးနတ်မုန့်တွေကြောင့် အချိန်တိုအတွင်း
စိတ်ဖိစီးမှုဖြစ်စေတဲ့အချက်နဲ့ အကောင်းဆုံး သက်သေပြနိုင်ပါတယ်။

သကြားမစားရ မနေနိုင်ဖြစ်ဖို့က အလားအလာများပါတယ်။ သကြားမပါတဲ့ ဘလက်ကော်ဖီတစ်ခွက် သို့မဟုတ် အခါးဓာတ်ပိုကဲတဲ့ ချောကလက်စားကြည့်ပြီး ပျို့အန်ချင်ဖြစ်လာတယ်မဟုတ်လား။ သကြားမစားရ မနေနိုင်ရောဂါဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ငုပ်ရှိုးနေတဲ့ ရောဂါအမျိုးစားတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းဖို့ကောင်းတာက တစ်ကမ္ဘာလုံး သိကြားစားသုံးမှု အားကောင်းလွန်းတာကြောင့် ဒီအေကြာင်းနဲ့ ပတ်သက်ပြီး အသိတရား မရှိကြသေးတဲ့အချက်ပါပဲ။

Credit : Trend Myanmar

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation