Home » , , » အနမ်းမှ တစ်ဆင့် ဘက်တီး ရီးယား သန်း ၈၀ ကူးစက်နိုင်

အနမ်းမှ တစ်ဆင့် ဘက်တီး ရီးယား သန်း ၈၀ ကူးစက်နိုင်

Written By Unknown on Sunday, November 23, 2014 | November 23, 2014

Image and video hosting by TinyPic
ဖို-မ သဘာဝ တစ်ဦးနှင့်တစ်ဦး နမ်းရှုပ် ကြရာဝယ် ၁ဝ စက္ကန့်မျှ နမ်းရုံဖြင့် တစ်ဦးနှင့် တစ်ဦး၏ ခံတွင်းမှ ဘက်တီးရီးယား သန်း ၈ဝ ခန့် အပြန်အလှန် ကူးစက်နိုင်ပြီး တစ်ရက်လျှင် အနည်းဆုံး ကိုးကြိမ် နမ်းသော ချစ်သူစုံတွဲ များတွင် အပြန်အလှန် ကူးစက်ပြီးနောက် ခံတွင်း ဘက်တီးရီးယား အုပ်စုများလည်း တူသွား တတ်ကြောင်း နယ်သာလန် နိုင်ငံမှ သုတေသီများက ပြောပြသည်။
လူ့ခန္ဓာကိုယ် ထဲတွင် မိုက်ခရို ဘက်တီးရီးယား ပေါင်း ၁ဝဝ ထရီလီယံ ခန့်ရှိပြီး အစားအစာ ချေဖျက်ခြင်း၊ အာဟာရဓာတ် များကို ဖြိုခွဲခြင်း၊ ရောဂါပိုးမွှားများ ရန်မှကာကွယ်ခြင်း တို့ကို ပြုလုပ် ပေးသည်။ ဤ ဘက်တီးရီးယား များမရှိလျှင် လူသား များသည် တစ်ရက်ပင် အသက် ရှင်သန်နိုင်မည် မဟုတ်ကြောင်း လည်း သိရသည်။
”ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ် အရေအတွက် ထက် ဘက်တီးရီးယား အရေအတွက် က ၁ဝ ဆလောက် ပိုပါတယ်။ ဒါဟာ လူသား ၁ဝ ရာခိုင်နှုန်းနဲ့ ဘက်တီးရီးယား ၉ဝ ရာခိုင်နှုန်း ပေါင်းစပ်နေတဲ့ သဘောပါပဲ။ ဗီဇပစ္စည်း ဆိုရင်လဲ လူသားဗီဇ ဓာတုပစ္စည်း ထက် ဘက်တီးရီးယား ဓာတုပစ္စည်း က အဆ ၁ဝဝ လောက် ပိုများပါတယ်။ ဒါကြောင့် လူသားတွေ ဆိုတာ လမ်းလျှောက် နေတဲ့ ဘက်တီးရီးယား အစုအပုံကြီး လို့ပြောရင် မမှားပါဘူး … ” ဟု ဝါရှင်တန် တက္ကသိုလ်မှ သုတေသီ တစ်ဦးက ပြောပြသည်။
သို့ဖြစ်ရာ လူသားများသည် ဘက်တီးရီးယား ပေါင်းစုံ၏ ပူးပေါင်း စွမ်းအားဖြင့် လုပ်ဆောင်ချက် အမျိုးမျိုးကို ပြုလုပ်နိုင်သော အားအင် အစုအဝေးကြီး ဖြစ်လာသည်။ လူ့ခံတွင်း တစ်နေရာတည်း တွင် ပင်ဘက်တီးရီးယား အမျိုးပေါင်း ၇ဝဝ ခန့်ရှိပြီး လူ့ဗီဇ ဓာတုပစ္စည်း၊ အစားအစာနှင့် အသက်အရွယ် တို့ကြောင့် ဘက်တီးရီးယား အမျိုးအစား ပေါင်းစပ် ဖြစ်တည် ပွားများ လာသကဲ့သို့ မိမိနှင့် ကိုယ်လက် နှီးနှောသူများ၏ သဘာဝ အရလည်း ဘက်တီးရီးယား ပိုး အမျိုးအစား တိုးလာ နိုင်ကြောင်း သိရသည်။

ကမ္ဘာပေါ်က ၉ဝ ရာခိုင်နှုန်း သော ယဉ်ကျေးမှုတွေမှာ ချစ်ခင်စုံ မက်ခြင်းကို ဖော်ပြတဲ့ အနေနဲ့  နှုတ်ခမ်း၊လျှာ၊ သွားရည် အစရှိသည် တို့ကို အပြန်အလှန် စုပ်နမ်းကြ ပါတယ်။ ဒီလိုနမ်းတဲ့ အတွက် ဘက်တီးရီးယားတွေ ကူးစက် နိုင်တယ်ဆိုတာ ဆေးပညာက သိထားပေမယ့် ဘက်တီးရီးယား ဘယ်လောက်အထိ ကူးစက် နိုင်သလဲ ဆိုတာကိုတော့ အခုမှ တိုင်းကြည့်ခဲ့ တာပါ။ ရလာတဲ့ အဖြေကတော့ အံ့သြဖို့ ကောင်းကြောင်း သုတေသီ များတွေ့ရှိ ခဲ့သည်။
နေ့စဉ် ခံတွင်းချင်း စုပ်နမ်းကြသော ချစ်သူစုံတွဲများ ၏ လျှာနှင့် သွားရည်တို့ကို စစ်ဆေး ကြည့်သောအခါ ၄င်းတို့၏ ခံတွင်း ဘက်တီးရီးယား အမျိုးအစားများ တူညီနေပြီး ၄င်းတို့၏ ခံတွင်းကို ပိုးသတ် ပြီးမှ အချင်းချင်း နမ်းစေပြီးနောက် ဘက်တီးရီးယား များကို တိုင်းတာကြည့်ရာ ၁ဝ စက္ကန့် နမ်းလိုက်ရုံ မျှဖြင့် ဘက်တီးရီးယား သန်းပေါင်း ၈ဝ ကူးစက်သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Credit : PyiChitThar

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation