Home » » (ငါလိုချင်တာ)

(ငါလိုချင်တာ)

Written By Unknown on Friday, November 28, 2014 | November 28, 2014

 
(ငါလိုချင်တာ)

ငါမသိချင်ယောင်ဆောင်နေတာ
ငါ့နားက နင်လှမ်းခေါ်မှာကို
မကြားချင်လို့ မဟုတ်ဘူး ။

ငါမင်းမရှိပဲနေတတ် ချင်ယောင်ဆောင်တာ
မင်းမရှိပဲ နေနိုင်လို့ မဟုတ်ဘူး ။

င့ါခံစားချက်တွေကို မပြောပြဖြစ်တာ
မင်းကိုမသိစေချင်လို့ မဟုတ်ဘူး ။

ငါမင်း ကို မသိသလို နေနေတာ...
မင်းကိုမခင် လို့ မဟုတ်ဘူး...။

ငါမင်းကို ...စကားသိပ်မပြောတာ
မင်းကို စိမ်းကားလို့  မဟုတ်ဘူး.....။

ငါမင်းကို မမြင်ချင်ယောင် ဆောင်နေတာ
မတွေ့ ချင်လို့ မဟုတ် ဘူး...။

တစ်ကယ်တော့ ငါက
မင်းကို ချစ်မိသွားမှာ ဆိုးလို့ 
အရာရာကို မသိချင်ယောင်ဆောင်ရင်း
တိတ်တိတ်လေး ခံစားနေရတာပါ....။

တစ်ကယ်ဆို ငါလိုချင်တာ
မင်းဂရုစိုက်မှု နဲ့ ရင်ထဲကနှလုံးသား ကိုပါ။

ကာရံငယ်
http://yetayzakyaw1500.blogspot.com/
 

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation