Home » » ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးများ

ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးများ

Written By Unknown on Tuesday, November 25, 2014 | November 25, 2014

Image and video hosting by TinyPic



စိတ်ဓါတ်ကျနေတဲ့ သူတစ်ယောက်ကို ပွေ့ဖက်ပေးတာထက် ပိုကောင်းတဲ့ ဆေးမရှိပါဘူးလို့တောင် စကားပုံရှိပါတယ်။ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူး လေးတွေကို ဖော်ပြပေးပါမယ်။
တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးမှု(သစ္စာတရား)သဘောမျိုး အကျိုးသက်ရောက်စေပါတယ်။လေ့လာချက်တွေအရ ကလေးတွေက အမေတွေနဲ့ ပိုမိုရင်းနှီးတယ်ဆိုတာ ငယ်ငယ်ကတည်းက အမေတွေရဲ့ ပွေ့ဖက်မှုတွေနဲ့ အားပေးမှုတွေကလဲ တစ်စိတ်တစ်ဒေသ ပါဝင်နေပါတယ်။
ကိုယ့်ကိုပွေ့ဖက်နှစ်သိမ့်ပေးမယ့် လူရှိရင် ပိုမိုအောင်မြင်နိုင်ပါတယ်။
ဘ၀မှာ အောင်မြင်ပျော်ရွင်နေကြတဲ့ လူတော်တော်များများဟာ သူတို့စိတ်ဓါတ်ကျနေပြီး အရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ ထွေးပွေ့နှစ်သိမ့်ပေးမယ့် မိဘ၊ချစ်သူ၊လင်ယောကျာ်း အစရှိသဖြင့် သူတို့ရဲ့ထွေးပွေ့နှစ်သိမ့်မှုကြောင့် ပိုမိုခွန်အားဖြစ်စေတယ်လို့ အယူအဆရှိပါတယ်။
နာကျင်မှုတွေကို သက်သာစေပါတယ်။
ဇတ်ကားတွေထဲမှာ ရောဂါဖြစ်နေတဲ့သူတွေကို ပွေ့ဖက်လိုက်တဲ့
အချိန်တွေမြင်ခဲ့ကြဘူးမှာပါ။တကယ်ကတော့ အဲလိုလုပ်ခြင်းအားဖြင့် နာကျင်မှုတွေကို သက်သာစေတယ်ဆိုတာကို University of Manchester (Physcological Sciences) က လေ့လာသူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အိမ်ထောင်ရေး ပိုမိုသာယာလာစေနိုင်ပါတယ်။
အထူးတလည် ပြောစရာတော့မလိုပေမယ့် အိမ်ထောင်ရှင်အများစုကို လေ့လာချက်တွေအရ သာမန်အိမ်ထောင်ရှင်တွေထက်စာရင် ပွေ့ဖက်လေ့ရှိတဲ့ အိမ်ထောင်ရှင်တွေဟာ ပျော်ရွင်တဲ့ ဘ၀ကို ပိုမိုခံစားရနေတယ်လို့ အမေရိကန်အခြေစိုက် လူမှုသိပ္ပံလေ့လာရေး ဒေါက်တာ Jassica Halt ရဲ့ လေ့လာချက်မှာ တွေ့ရှိရပါတယ်။
ကဲ သင်တို့လဲ သင်တို့ချစ်တဲ့သူတွေ၊မိဘတွေနဲ့ အချိန်ရရင် ပွေ့ဖက်ကြဖို့ မမေ့ကြနဲ့နော်
Credit : Satekuupuyar

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation