Home » , » အရိုးပွ၊ အရိုးပါးရောဂါ ဖြစ်ပွားနှုန်း မြင့်တက်လာနိုင်

အရိုးပွ၊ အရိုးပါးရောဂါ ဖြစ်ပွားနှုန်း မြင့်တက်လာနိုင်

Written By Unknown on Tuesday, December 16, 2014 | December 16, 2014

Image and video hosting by TinyPic
မြန်မာနိုင်ငံ၌ နှစ်စဉ် သက်ကြီးရွယ်အို အရေအတွက် များပြားလာပြီး အသက်ရှည်လာ သည်နှင့်အမျှ  အရိုးပွ၊ အရိုးပါးရောဂါ ဖြစ်ပွားနှုန်းလည်း မြင့်တက် လာနိုင် သည်ဟု ဆေးပညာ အသိုင်း အဝိုင်းမှ ဆရာဝန်ကြီး အချို့က ခန့်မှန်း ပြောကြားသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ကြီးရွယ်အို ၅ ဒသမ ၄ သန်းကျော်ရှိပြီး အသက်(၆၀)နှင့်အထက် ဘိုးဘွားဦးရေမှာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်ထားသည်။
‘‘မြန်မာနိုင်ငံမှာ အသက်ရှည်သူက များလာတယ်။ အသက်ကြီးသူတွေ ပိုများလာလို့ အသက်ကြီးချိန်တွေမှာ ကြုံတွေ့ခံစားရမယ့် အရိုးပွ၊ အရိုးပါးရောဂါတွေလည်း ပိုများလာမယ်’’ဟု ဆေးတက္ကသိုလ်(၂)(ရန်ကုန်)၊ ဆေးပညာဌာနမှ အတိုင်ပင်ခံသမားတော်ကြီး ပါမောက္ခဦးကိုကိုကပြောသည်။
အရိုးပွ၊ အရိုးပါးရောဂါမှာ အမျိုးသားများ၌ အသက်(၇၀)ကျော်နှင့် အမျိုးသမီးများ၌ အသက်(၅၀)ကျော်အရွယ်တို့တွင် ဖြစ်ပွားလေ့ရှိပြီး အသက်အရွယ်ကြီးသူများ အရိုးကျိုးပါက နာတာရှည်မသန်စွမ်းအဖြစ် ခံစားရလေ့ရှိသည်။

‘‘အသက်ကြီးလာလို့ ချော်လဲမှ၊ ကျိုးတော့မှပဲ အရိုးပွ၊ အရိုးပါး ဖြစ်နေမှန်းသိတာ။ အဲဒီအခါကျမှ ခွဲစိတ်လိုက်ရင် တစ်ပတ်နှစ်ပတ်နဲ့ ပြန်ကောင်းနိုင်ပေမယ့် ငွေကုန်ကြေးကျများသလို သုံးလလောက်ခံစားရတယ်။ ဒါကြောင့် ခါးကိုင်းလာတာနဲ့ စ,သတိထားဖို့လိုတယ်။ မသိရင် တဖြည်းဖြည်းနဲ့ တင်ပါးဆုံရိုးကျိုးပြီး အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်တယ်’’ဟု ဆေးတက္ကသိုလ်(၂)၊ သားဖွားမီးယပ်ဆေးပညာဌာနမှ အထူးကုဆရာဝန်ကြီး၊ အတိုင်ပင်ခံ သားဖွားမီးယပ် ပါမောက္ခဦးအေးအောင်က ပြောသည်။
အသက်(၃၀)ကျော်လာလျှင် အရိုးစ၍ပါးလာခြင်း၊ အခေါင်းပွများဖြစ်လာခြင်းကြောင့် ရိုးတွင်းချဉ်ဆီသိပ်သည်းဆနည်းသွားကာ အရိုးကျိုးခြင်းဝေဒနာကို ခံစားရနိုင်သည်။ ထို့ကြောင့် အသက်(၅၀)အရွယ်၌ စတင်စစ်ဆေးခြင်း၊ အားကစားပြုလုပ်ပေးခြင်း၊ အရိုးအဆစ်သန်မာစေသည့် အစားအစာများစားသုံးခြင်း၊ ချော်မလဲစေရန် ဂရုပြုနေထိုင်ခြင်း စသည်တို့ ပြုလုပ်ပေးရမည်ဖြစ်သည်။
7 day daily

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation