Home » » " ချစ်တတ်သူတိုင်း ဖတ်ကြည့်ပါ အရမ်းကို ကြိုက်လို့ ပါ "

" ချစ်တတ်သူတိုင်း ဖတ်ကြည့်ပါ အရမ်းကို ကြိုက်လို့ ပါ "

Written By Unknown on Saturday, December 20, 2014 | December 20, 2014



" ချစ်တတ်သူတိုင်း ဖတ်ကြည့်ပါ အရမ်းကို ကြိုက်လို့ ပါ "
-----------------------------------------------------------------
၁။ သူအမြဲမေးတတ်တယ်…” ဘယ်မှာလဲ? အခုဘာလုပ်နေလဲ?”
(သူမင်းကို သတိရနေတာပါ၊ မင်းနဲ့ စကားပြောချင်တာပါ၊ မင်းသူ့ဆီကို စာမပို့ပေးတော့ သူဇဝေဇ၀ါ ဖြစ်နေတယ်။ မင်းအလုပ်ရှုပ်နေမှာ ကိုလဲ စိုးရိမ်တယ်။ ဒါပေမဲ့ သတိရနေတာကို မအောင့်နိုင်ဘူး။
တခြားလူဆို ဘာလုပ်လုပ်ပေါ့… သူဂရုမစိုက်ဘူး။
ဒါကြောင့် အချိန်လေးရရင် သူ့ကို ဆက်သွယ်ပါ၊ သူစိတ်ချပါစေ၊ မင်းရဲ့စိတ်ထဲမှာ သူရှိပါတယ် ဆိုတာကို သူသိပါစေ၊ သူ့ဘက်ကနေအမြဲတမ်း မင်းကို စပြီး ဆက်သွယ်နေရင် သူ့ကိုသူ အရှုပ်ထုတ်လို့ ထင်နေမိနိုင်ပါတယ်။ )

၂။ သူပြောလေ့ရှိတယ်… “ငါ မပျော်ဘူး၊ စိတ်ရှုပ်တယ်။”
(ဒါကို အားအားရှိ စိတ်အနှောင့် အယှက် ဖြစ်စရာ လို့ မထင်လိုက်ပါနဲ့။ သူ တကယ် မပျော်တာမဟုတ်ပါဘူး။ သူ မင်းကို သတိရနေတာပါ။ သူမင်းရဲ့ နှစ်သိမ့် စကား လေးကို တောင့်တ နေလို့ပါ။ အရိုးရှင်းဆုံး “လိမ္မာတယ်… မဆိုးနဲ့နော်” ဆိုတာလေးနဲ့လဲ သူကျေနပ်နိုင်ပါတယ်။)
၃။ သူပြောလေ့ရှိတယ်… “နေကောင်းအောင်နေနော်၊ လမ်းမှာ သတိထား၊ ကိုယ့်ကိုယ်ကိုဂရုစိုက်ဦး။”
(ဒါကို သူအပိုတွေပြောနေတယ်လို့ သဘော မထားလိုက်ပါနဲ့၊ မင်း သူ့ရဲ့စိတ်ထဲမှာ ရှိတယ်၊ သူမင်းကို စိတ်ပူတတ်တယ် ဆိုတာကို ပြောချင်တာပါ။)
၎။ သူပြောလေ့ရှိတယ်… “မင်းကို ကူညီချင်တယ်… ဘာဖြစ်ဖြစ်သူ့ကိုပြောပြပါ။”
(ဒါပေမဲ့ သူသိတယ်၊ သူမင်းကို ဘယ်လောက်ထိမှ မကူညီနိုင်ဘူးဆိုတာကို။ သူမင်းကို သိစေချင်တာက… သူ မင်းဘေးမှာ အမြဲရှိနေမယ်၊ မင်းကို အမြဲအားပေးနေမယ်။)
၅။ “ဘာကိစ္စလုပ်လုပ် မင်းရဲ့ သဘောထားကို မေးတတ်တယ်။”
(သူ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းမရှိတာ၊ မင်းကို မှီခိုလွန်းနေတာ မဟုတ်ဘူး။ သူမင်းကို လေးစားတာ၊ အရာရာ မင်းကို ဦးစားပေးတတ်လို့ပါ။”)
၆။ “ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် သူ မင်း နဲ့ နီးနီးကပ်ကပ် ဘဲ ရပ်နေတတ်တယ်။”
(ဒါကတော့ သူမင်းကို ယုံကြည်တယ် ဆိုတာကို ပြတာပါ။)
၇။ “သူ ၀မ်းနည်းတတ်တယ်၊ လျှောက်စဉ်းစားတတ်တယ်။”
(သူ အတွေးလွန်နေတယ်၊ မဟုတ်တာတွေပူပန်နေတယ်လို့ သဘော မထားမိလိုက်ပါနဲ့။ တခါတလေ သူလဲ လုံခြုံစိတ်ချစေတဲ့စိတ်မျိုး ကင်းမဲ့နေတတ်ပါတယ်။)
၈။ “သူ ကရုတ်တရက် မင်းကို အေးတိအေးစက်၊ ဒါမှ မဟုတ် စိတ်ဆိုးစိတ်ကောက်တတ်တယ်။”
(သူ ကလေးဆန်တယ်လို့ အပြစ်မတင်လိုက်ပါနဲ့၊ သူ မင်းချော့တာလေးကို ခံချင်လို့ပါ။)

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation