Home » » ချစ်တဲ့သူများသိသင့်တဲ့အရာ

ချစ်တဲ့သူများသိသင့်တဲ့အရာ

Written By Unknown on Monday, December 15, 2014 | December 15, 2014


 
 
ချစ်တဲ့သူများသိသင့်တဲ့အရာ
 (၁) သင့်ချစ်သူကို သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ သူ့ခါးလေးကိုဖက်ပြီး မိတ်ဆက်ပါ။ တစ်နေရာဆီမှာ ရပ်ပြီး လက်ညှိုးထိုး မိတ်မဆက်ပါနဲ့။ (၂) ကောင်မလေး လှလှလေးတွေကို ငမ်းတဲ့အခါ အချိန်ငါးစက္ကန့်ထက် မပိုပါစေနဲ့။ ပြီးတော့ အဲဒီကောင်မလေးဟာ ချစ်သူလောက် မလှကြောင်း ချက်ချင်းပြောတတ်ပါစေ။
(၃) သင့်ကို ချစ်သူအနိုင်ကျင့်လို့ရတယ်။ ဒါပေမယ့် ချစ်သူကို သင်လုံးဝ အနိုင်မကျင့်ပါနဲ့။ သင့်ကို ချစ်သူအနိုင်ကျင့်တယ်ဆိုလည်း ကောင်းတဲ့အရာလေးတွေ တွေ့တိုင်း သင့်ကို သူပထမဆုံး သတိရတတ်လို့ပါပဲ။

(၄) ချစ်သူငိုတဲ့အခါ ချော့ပါ… စိတ်မပျက်စတမ်း ချော့ပါ။ ချစ်သူပြုံးရယ်တဲ့အထိ ချော့ပါ။
(၅) ချစ်သူဓာတ်ပုံကို ပိုက်ဆံအိတ်ထဲ ထည့်ထားပါ။ ဟန်းဖုန်းပေါ် ကပ်ထားပါ။  သူအမြဲတွေ့နိုင်တဲ့နေရာတွေမှာ ထည့်ထားပါ။
(၆) သူ့သူငယ်ချင်းတွေရှေ့မှာ သူ့ကို ခါတိုင်းထက် ပိုချစ်ပြ၊ ပိုဂရုစိုက်ပြတာကို သူမျှော်လင့်တတ်တယ်။
(၇) “ဘယ်သွားရင် ကောင်းမလဲ?” “ဘာစားရင် ကောင်းမလဲ?” လို့ ချစ်သူမေးတဲ့အခါ “မေ့ သဘော.. မေ ကြိုက်တာစား” ချည်းပဲ မဖြေပါနဲ့။ ဒါဟာ သူ့ကို ဦးစားပေးရာ မရောက်ဘဲ သင် စိတ်မပါရာ ဖြစ်သွားတတ်တယ်။
(၈) “မေ့ကိုချစ်တယ်” လို့ မကြာခဏပြောပေးပါ။ နို့မဟုတ်ရင် သူ့ကို သင်မချစ်ဘူးလို့ သူယူဆတတ်တယ်။
(၉) ဘယ်တော့မှ လူအများကြားမှာ၊ လူတွေရှေ့မှာ ချစ်သူကို မအော်ငေါက်ပါနဲ့။ ချစ်သူတစ်ယောက်တည်း ထားမခဲ့ပါနဲ့။
(၁ဝ) အမှားလုပ်မိတဲ့သူ့ကို သင် ဆုံးမလို့ရတယ်။ ဒါပေမယ့် ဆုံးမပြီးနောက် သူ့ကို ချော့ပါ… ဒါဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်။
(၁၁) သူစိတ်ကောက်တဲ့အခါ သူ့ကိုပစ်မထားနဲ့။ သူစိတ်ကောက်ပြေဖို့လည်း အချိန်မပေးနဲ့။ တကယ်တော့ စိတ်ကောက်ပြေဖို့ သူအချိန်မလိုပါဘူး။ အချော့ပဲလိုပါတယ်။
(၁၂) သင့်သူငယ်ချင်းတွေနဲ့ သင်ပျော်ပါးလည်ပတ်လို့ရတယ်။ ဒါပေမယ့် သူ့ကိုအချိန်ပိုပေးဖို့ မမေ့ပါနဲ့။
(၁၃) သင့်ကို သူလွမ်းတယ်လို့ ပြောတဲ့အခါ သူနဲ့ချိန်းတွေ့ဖို့ အချိန်ပေးပါ။
(၁၄) တခြားမိန်းကလေးတစ်ယောက်နဲ့ သင်စကားပြောတဲ့အခါ ချစ်သူလက်ကို တွဲထားပါ။ တကယ်လို့ ချစ်သူအနားမှာ ရှိမနေခဲ့ရင် အဲဒီမိန်းကလေးနဲ့ ခပ်ခွာခွာရပ်ပြီးမှ ပြောပါ။
(၁၅) လမ်းဖြတ်ကူးတဲ့အခါ သူ့လက်ကို တွဲထားဖို့ မမေ့ပါနဲ့။
(၁၆) ဘယ်လောက်ပဲ အလုပ်များနေပါစေ.. သူ့ကို ဖုန်းဆက်ဖို့ မမေ့ပါနဲ့။
(၁၇) မကြာခဏ သူ့ကို သီချင်းဆိုပြပါ။
(၁၈) နှစ်ယောက်စလုံးမှာ စိတ်တိုဒေါသထွက်ခွင့် ရှိတယ်။ ဒါပေမယ့် တစ်ရက်တည်း၊ တစ်ချိန်တည်းမှာ ဒေါသမထွက်ပါနဲ့၊ စိတ်မတိုပါနဲ့။ သူစိတ်တိုတဲ့နေ့ သင်စိတ်မတိုပါနဲ့။
(၁၉) သူ့အလုပ်မှာ အဆင်မပြေတဲ့အခါ၊ သူ့ဘဝ အဆင်မပြေတဲ့အခါ သူနဲ့အတူ ဆွေးနွေးပါ။ အကြံပေးပါ။
(၂ဝ) တခြားကောင်မလေးကို ကြည့်တဲ့အကြည့် ငါးစက္ကန့်ထက် မပိုစေနဲ့။ ကောင်မလေး တစ်ယောက်တည်းကို ကြည့်တဲ့အကြည့် ငါးကြိမ်ထက် မပိုစေနဲ့။
(၂၁) တလောကလုံး သူ့ကိုမယုံကြည်တဲ့အခါ သူ့ကို သင်ယုံကြည်ရမယ်။ သူလည်း သင့်ကို ဒီအတိုင်းပဲ ဆက်ဆံလိမ့်မယ်။
(၂၂) သူအဝတ်အစား အသစ်ဝတ်တဲ့အခါ ချီးကျူးဖို့ မမေ့ပါနဲ့။ (မပေါ်တပေါ်ကို ဆိုလိုတာမဟုတ်ဘူးနော်း)
(၂၃) ချစ်သူနဲ့ ရန်ဖြစ်တဲ့အချိန် (၃)မိနစ်ထက် မကျော်စေနဲ့။ အသံနှုန်း ၂ဝ decibel ထက်မမြင့်စေနဲ့။ (decibel – ဒယ်ဆီဘယ်၊ အသံအတိုးအကျယ်ကို တိုင်းတာသည့် အခြေခံယူနစ်)
(၂၄) အားကစာလိုက်စားပါ။ ခန္ဓာကိုယ် တောင့်တင်းအောင် ကျင့်ပါ။ သူ့ကို ပွေ့မ,နိုင်အောင် ကျင့်ပါ။
(၂၅) သူ စိတ်ထိခိုက်၊ ဒေါသထွက်တဲ့အခါ သူ့ကိုဖက်ထားလိုက်ပါ။

ကာရံငယ် (ချစ်တဲ့ သူတိုင်း ဆုံဆည်း နိုင် ကြပါစေ)

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation