Home » » ချစ်သူရည်းစားရသွားတဲ့အခါ ဖျောက်ပစ်ရမယ့် တစ်ကိုယ်ရည် တစ်ကာယသမားဘ၀တုန်းက အကျင့်ဟောင်းများ

ချစ်သူရည်းစားရသွားတဲ့အခါ ဖျောက်ပစ်ရမယ့် တစ်ကိုယ်ရည် တစ်ကာယသမားဘ၀တုန်းက အကျင့်ဟောင်းများ

Written By Unknown on Wednesday, December 17, 2014 | December 17, 2014


 

ချစ်သူရည်းစားရသွားတဲ့အခါ ဖျောက်ပစ်ရမယ့် တစ်ကိုယ်ရည်
တစ်ကာယသမားဘ၀တုန်းက အကျင့်ဟောင်းများ
===============================

အရင်တုန်းက တစ်ယောက်တည်း၊ ခုတော့ နှစ်ယောက်ဖြစ်သွားပြီမို့ အရင်တုန်းက ကိုယ့်စိတ်ကြိုက်နေလာခဲ့တဲ့ အကျင့်ဟောင်းတွေထဲမှာ ဖျောက်ပစ်သင့်တာလေးတွေ ရှိနေပါတယ်။ တစ်ကိုယ်ရည်ဘ၀မှာတုန်းက အဲ့ဒီအကျင့်လေးတွေက မိုက်ပါတယ်။ ဒါပေမယ့် ခုတော့ ဒါလေးတွေ ခေါက်ပစ်လိုက်တော့နော်။


၁။မနက်နှိုးစက်နာရီကို အကြိမ်ကြိမ်အခါခါ ထုရိုက်ပိတ်ပစ်ပြီး ထချင်တဲ့အချိန်မှထတတ်တာမျို

သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့အခါပဲဖြစ်ဖြစ်၊တစ်နေရာရာသွားဖို့ စဉ်းစားထားလို့ နှိုးစက်နာရီတော့ ပေးအိပ်ပါရဲ့။ ဒါပေမယ့် မနက်နှိုးစက်နာရီက ထမြည်တဲ့အခါ တဒုန်းဒုန်းထုပိတ်ပြီး ပြန်အိပ်တတ်တဲ့ အကျင့်မျိုးလေးတွေ ရှိရင် နှိုးစက်နာရီဘေးမှာ ငါဟာ တကယ်ပျော်ရွှင်ကြည်နူးရတဲ့ အချစ်ရေးကို လိုချင်တယ်လို့သာ စာလေး ကပ်ထားလိုက်တော့။ ချစ်သူနဲ့ချိန်းထားတဲ့အချိန်ကိုတော့ ရွှေ့မပစ်လိုက်ပါနဲ့။



၂။အားလပ်ရက် စနေ၊ တနင်္ဂနွေဆိုရင် သူငယ်ချင်းတွေနဲ့ တစ်နေရာမှာ စုသောင်းကျန်းတတ်တာမျိုး

အားလပ်ရက်ရောက်ပြီဆိုတာနဲ့ သူငယ်ချင်းတွေ ချိန်းပြီး သွားကြလာကြ၊ စုပြီး သောင်းကျန်းကြတာမျိုးတွေကိုလည်း ရှောင်နိုင်သမျှ ရှောင်ပါ။ ကိုယ့်ချစ်သူက ရပါတယ် မင်းသဘောဆိုရင်တောင် ကြာရင်တော့ ဘယ်သူမှအဲ့ဒီဒဏ်ကို ခံနိုင်မယ် မထင်ဘူးနော်။


၃။တစ်ခုခု ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ထင်တာကို ဇွတ်လုပ်တတ်တာမျိုး

အရင်တုန်းကတော့ တစ်ယောက်တည်းမို့လို့ ကိုယ့်စိတ်ကြိုက်၊ ကိုယ့်အတွေးနဲ့ကိုယ်နေခဲ့တာ မှန်ပေမယ့် ခုတော့ နှစ်ယောက်ဖြစ်လာပြီဆိုတာ သိထားပြီး အရေးကြီးတဲ့အရာဆုံးဖြတ်တော့မယ်ဆိုတိုင်း သူ့ကိုလည်း တိုင်ပင်ပါ။ ဘာလုပ်လိုက်ပြီဆိုတာမျိုး အားလုံးပြီးတော့မှ သူ့ကိုဖွင့်ပြောလိုက်ရင် သူစိတ်မကောင်းဖြစ်ပါလိမ့်မယ်။


၎။မိသားစုဝင်တွေလုပ်တဲ့ ပွဲတိုင်းအကုန်တက်ပြီး ချစ်သူဘက်က လူတွေလုပ်တဲ့ပွဲမျိုးကို ရှောင်တာမျိုး

နားလည်မှုနဲ့ မျှမျှတတသွားရမယ့် လမ်းမှာ ကိုယ်လုပ်လိုက်လို့ ဆူးငြှောင့်ခလုတ်တွေ မဖြစ်သွားပါစေနဲ့။ ကိုယ့်အမျိုးရဲ့ပွဲတွေ တစ်ခုမကျန် တက်ပြီး ကိုယ့်ချစ်သူဘက်က လူတွေလုပ်တဲ့ ဒင်နာ၊ ပါတီတွေကိုကျ ခြေဦးတောင် မလှည့်တာမျိုးတွေ မဖြစ်ပါစေနဲ့။ မျှမျှတတလုပ်ဆောင်ပါ။


၅။ဟိုးအရင်ထားခဲ့ဖူးတဲ့ ရည်းစားတွေအကြောင်း စိန်ပြေနပြေ ပြန်လည်ပြောဆိုတာမျိုး

ကြာခဲ့ပြီဆိုပေမယ့် ဘယ်လိုယောင်္ကျားမျိုးကမှ ကိုယ့်ချစ်သူရဲ့အရင်ဘဲတွေအကြောင်း ပြန်ကြားချင်မှာ မဟုတ်ပါဘူး။ သူတို့နဲ့တုန်းက ဘယ်လိုလေ။ ဘယ်တွေသွားခဲ့တာ စတာတွေကို သူငယ်ချင်းတွေနဲ့ ပြောဆိုနေသလိုမျိုး မပြောလိုက်ပါနဲ့။ ပထမအကြိမ်၊ ဒုတိယအကြိမ် နားထောင်ပြီးတဲ့အခါ တတိယအကြိမ်ကျရင်တော့ သင်တို့နှစ်ယောက်စလုံး ပြသနာအကြီးအကျယ် ဖြစ်သွားပါလိမ့်မယ်။

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation