Home » , » အဝလွန်မှုဖြစ်စေနိုင်သော စိတ်ဖိစီးခံရသူတွေလုပ်မိတတ်တဲ့ အမှားများ အပိုင်း (၂)

အဝလွန်မှုဖြစ်စေနိုင်သော စိတ်ဖိစီးခံရသူတွေလုပ်မိတတ်တဲ့ အမှားများ အပိုင်း (၂)

Written By Unknown on Tuesday, December 9, 2014 | December 09, 2014



Image and video hosting by TinyPic
နှလုံးခုန်မြန်ခြင်း၊ ဗိုက်အောင့်ခြင်း နဲ့ ချွေးအလွန်ထွက်ခြင်းတွေဟာ သိပ်ပြီး ဆိုးဝါးတဲ့ အခြေအနေမဟုတ်ပေမဲ့ စိတ်ဖိစီးမှုကြောင့် အံ့သြစရာကောင်းအောင် အလေးချိန်တက်စေနိုင်ပါတယ်။ ခုတော့ အာရုံစိုက်မနေပါနဲ့။ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ နည်းလမ်းနဲ့ စိုးရိမ်စရာကိစ္စကိုသာ အာရုံစိုက်ဖြေရှင်းပါ။ သင်ဘာပဲလုပ်လုပ် အလေးချိန်တက်စေတဲ့ ဒီလုပ်ဆောင်ချက်အမှားတွေကို ရှောင်ကြဉ်ပါ။
အလောတကြီးဆုံးဖြတ်ချက်ပြုလုပ်ခြင်း
အရူးအမူးဖြစ်နေတဲ့အချိန် ဈေးဝယ်မထွက်ပါနဲ့။ စိတ်ကို တခြားသောအရာတွေနဲ့ လွမ်းမိုးချုပ်ချယ်ထားတာကြောင့် စိတ်ဖိစီးမှုက သင့်ကိုဆုံးဖြတ်ချက် အမှားမှားအယွင်းယွင်းတွေဖြစ်စေပါလိမ့်မယ် လို့ Harvard သုတေသနပြုချက်အရ သိရတယ်။ ခရီးတစ်ခုခု ထွက်မယ်ဆိုပါက လိုအပ်တာတွေ အကုန်လုံး စာရင်းပြုမှတ်သားထားပါ။ ဒီလိုဆိုရင် စိတ်ကူးပေါက်ရာတွေ လျှောက်ဝယ်တာ ပိုပြီးလျော့နည်းသွားမှာဖြစ်တယ်။
ကဖီးဓာတ်အလွန်ကျွံသောက်သုံးခြင်း
မနားမနေ အလုပ်ကြိုးစားလုပ်ရတဲ့အချိန်မှာ ကော်ဖီကို သောက်မိပြီးသားဖြစ်နိုင်ပေမဲ့ အားဖြည့်ပေးဖို့ ကော်ဖီကိုပဲ အားကိုးတာဟာ တစ်နည်းထက်မက အကျိုးယုတ်စေနိုင်တယ်။ ကော်ဖီကို တစ်နေ့ ၅၊ ၆  ခွက်ထက် ပိုသောက်တာ အလေးချိန်နဲ့ ဆီးချိုပြဿနာတွေ များပြားလာစေတယ်။ ထို့အပြင် သိကြားနဲ့ ခရမ်အဆီအနှစ်ပါတဲ့ ကော်ဖီဖြစ်ပါက အရေသောက်တစ်မျိုးမှာတင် သင့်ရဲ့ နေ့စဉ်ကယ်လိုရီးစားသုံးမှုကို အလွယ်တကူတိုးစေနိုင်တယ်။
လေ့ကျင့်ခန်းမလုပ်ခြင်း

အချိန်မပေးနိုင်ဘူးဆိုတာ သိပါတယ်။ သို့ပေမဲ့ အချိန်ရအောင်ယူခြင်းက စိတ်ဖိစီးမှုကို လျော့နည်းသက်သာစေပါလိမ့်မယ်။ အတင်းအကြပ် လုပ်ရတဲ့ လေ့ကျင့်ခန်းတောင် စိုးရိမ်သောကနဲ့ စိတ်ဖိစီးမှု ထိန်းသိမ်းပေးပါတယ်။  ဒါ့အပြင် ချွေးထွက်ခြင်းက စိတ်ဖိစီးမှုကြားမှာ သင့်အလေးချိန် တသမတ်တည်းရှိစေဖို့ လိုအပ်တဲ့ ကယ်လိုရီကို ညှိယူပေးနိုင်တယ်။
စိတ်ဖိစီးမှုလျော့အောင် မလုပ်ခြင်း
စိတ်ဖိစီးမှုကို လျစ်လျုရှူထားတာ သို့မဟုတ် ဘေးဖယ်ထုတ်ဖို့ကြိုးစားလိုက်ရုံနဲ့ စိတ်ဖိစီးမှုကင်းဝေးသွားမှာ မဟုတ်ပါဘူး။ တကယ်တော့ အထိရောက်ဆုံး အစာစားသုံးမှု ပုံစံမျိုးစုံ လေ့လာသိထားတာထက် စိတ်ဖိစီးမှု လျော့ကျအောင် ထိန်းချုပ်ခြင်းက ပိုအရေးကြီးပါတယ်။
Credit: Trend Myanmar

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation