ဧ။် အချစ်ကို စွဲလမ်းပုံ စိတ်ဝင်စား ဖွယ် ဖတ်ရှုရမည့် စိတ်ကူးယဉ် ဆန်ဆန် ပုံဖော်ထားတဲ့ ကာရံငယ်ဧ။် တတိယမြောက် လုံးခြင်း ၀ထ္တူရှည်…။
( ဘ၀ခြားက ချစ်သူ ၀ိညာဉ်) (အပိုင်း(၁))
“♪♪♪I love you ♪♪♪ So…wish…..You
can made me smile. ♪♪♪ Alway I miss you” ရုတ်တရတ် ၀င်လာတဲ့ ဖုန်းcallုကြောင့် ကာရံ… ထိန်
့လန့်  သွားသည်..။ ထိုဖုန်းနံပတ် နှင့်
Ring Tune သံကို သူသိသည်…။ ဖုန်းနံပတ် မပေါ် ..ကိုင်လိုက်တော့လည်း ဘာသံမှ မကြားရပေ…။ဆောက်တည်ရာ
မရ မျက်ရည်…တွေဝဲလာပြီး…. ဖုန်းကို ပိတ်လိုက်သည်..။…”ဆောင်းရယ် …..အရမ်းလွမ်းတာပဲ
…ကွာ..ကိုယ်မင်းကလွဲ ပြီး…ဘယ်သူ့ ကိုမှ မချစ်ဘူး လို့ ကတိပေးပါတယ်…မင်းမရှိလည်း မင်းဝိညာဉ်
ကိုယ့် အနားမှာ ရှိနေတယ် ဆိုရင်ပဲ ကိုယ်ကျေနပ်ပါတယ်…” ဆောင်းဆိုသော ကောင်မလေးမှာ ကာရံ
၏ ချစ်သူဖြစ် သည်…။ မမျှော်လင့် သော ကံကြမ္မာ တခုကြောင့်  သူတို့ ချစ်သူနှစ်ဦး ကွဲကွာခဲ့ရသည်…။
လွန်ခဲ့သော…၁ ပတ်ခန့် လောက်က ကားမှောက်ပြီး ဆောင်းမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ သည်…။
သို့ ပေမယ့် သူ့ အနားမှာ ….ဆောင်း အမြဲတမ်းရှိနေသည် ဟုယုံကြည်… ပြီး အရူးတယောက်လို
အစွဲ အလမ်းကြီးခဲ့ သည့် အတွက် တကယ်ပဲ…ကောင်မလေးမှာ …မကျွတ်မလွတ်ခဲ့…ပေ…။
ရုံးတွင်
ကာရံ အကြောင်းကို တော်တော် များများ စိတ်ဝင်စားကြသည်…..။ ပြောဆိုနေကြ သည် အတင်း မျိုး စုံထဲ တွင် သူ့ အကြောင်းက ဇာတ်လမ်းသဖွယ်
မပါမဖြစ်.ပေ.။
“သူ့ ကိုကြည်
့ရတာ တမျိုးပဲနော်.ထူးခြားနေလားလို့ .”
“ဘာလဲ..နင်သူ
့ကို စိတ်ဝင်စား လို့ လား..သူက သဘောကောင်းတယ်နော်”
“မဟုတ်ပါဘူးဟယ်”
ရှက်သွေး ဖြာနေသော အပြုံး နှင့် ခေါင်းငုံ့ သွားသော မြသွေး ကို ကြည့် ပြီး ဧပရယ် ရယ်လိုက်သည်…။
“နင်ကအခု
မှ အလုပ်ကိုအသစ်ရောက်လာတာ ဆိုတော့ လည်းဘယ်သိမလဲ…ငါပြောပြမယ်…သူ့ အကြောင်း ဘာထူးခြားလဲ
ဆိုတော့ xxxx ………….xxxx……….xxx အဲ့ဒါပဲ”
“…ဟယ် ကြားရတာ
.စိတ်မကောင်းစရာပဲ နော်….”
“…ဒီထက်အံ့သြ
ဖို့ ကောင်းတာက… သူ့ ကိုချစ်တဲ့ သူတိုင်း…ကို…သေသွားတဲ့
သူ့ ချစ်သူက လိုက်နှောက်ယှက်နေတယ်ဆိုပဲ”
“ဘုရားရေ
တကယ်ကြီးလား”
“နင် သူ့ ကိုချစ်ဖို
့မကြိုးစားပါ နဲ့..သူငယ်ချင်း မလို့ သတိပေးတာပါ..ငါ့ Break Time ပြည့် ပြီ ပြန် ၀င်တော့
မယ်နင်ရော ပြန်မ၀င်သေးဘူးလား” ဧပရယ် ဆက်မပြောတော့ ပဲ စကားစဖြတ်လိုက်သည်…။
“သြော်...အင်း….သူငယ်ချင်း…ကော်ဖီတခွက်သောက်ပြီး ၀င်ခဲ့ မယ်…”
ဧပရယ် ထွက်သွားပြီး….သည်
့နောက် သူမ စိတ်တွင် စကားတခွန်း စွဲထင်ကျန်နေခဲ့သည်…။
(“…ဒီထက်အံ့သြ
ဖို့ ကောင်းတာက… သူ့ ကိုချစ်တဲ့ သူတိုင်း…ကို…သေသွားတဲ့
သူ့ ချစ်သူက လိုက်နှောက်ယှက်နေတယ်ဆိုပဲ ဒါ့ကြောင့် “နင် သူ့ ကိုချစ်ဖို့ မကြိုးစားပါ နဲ့..”)
**************************
အချိန်သည်
2နာရီခွဲ ခန့် ရှိနေသော်လည်း ကာရံငယ် အိပ်မပျော်.၍အိပ်ရာ
ထက်၌ လူးလိမ့် နေသည်…..။
ထိုစဉ်….“♪♪♪I love you So… wish …♪♪♪..You
can made me smile. ♪♪♪ Alway I miss you”
“ဆောင်း!”
အားရ၀မ်းသာ နှင့် ဖုန်းကို ကောက်ကိုင် လိုက်သည်..။ ဟဲလို…..ဟဲလို……..
တဖက်မှ..ဘာသံမှမကြားရပေ..။
“ကိုယ့် ကိုစကား…လေးပြောပါဦး ဆောင်းရယ်”… 1မိနစ် ခန့် အသံတိတ်နေပြီး မှ ရုတ်တရတ် ထွက်ပေါ်လာတဲ့ အသံကြောင့် ကာရံအံ့သြသွားခဲ့
သည်.
“I Miss
You” ပြောရင်း ဖုန်းအသံပျောက်သွားသည်….။…လက်များ
တဆတ်ဆတ် တုန်နေသည်…. သူစိတ်များ မငြိမ်သက်…။ဝင်လာသော Unknown နံပတ် ကို…သူပြန်ခေါ်
၍ မရ..။ “လူကြီးမင်းခေါ် ဆိုသောဖုန်းနံပတ်မှာ မှားယွင်းနေပါသည် ရှင်…ကျေးဇူးပြူ၍…” စိတ်ပျက်ပျက်နှင်
့ဖုန်းကိုကုတင်ပေါ်သို့  ပစ်ချ လိုက်သည်..။
သက်ပြင်း
တချက်ချ၊ ခေါင်းခါလိုက်ပြီး…တည်ငြိမ်တဲ့ လူတယောက်အသွင် ဖြင့် အိပ်ယာထက်၌ ပြန်လှဲနေ
လိုက်သည်…။ သူ့ စိတ်ထဲတွင်…အရာအား လုံးေ၀၀ါးနေသည်…။ အတိတ်ကပုံရိပ်တွေ တခုခြင်း ဆီပုံပြန်ပေါ်
လာ ပြီး ဇောချွေးများ ထွက် လာသည်။ အရူးတယောက် လို့ စိတ်များကစဉ်က လျှား ဖြစ်နေခဲ့သည်။
သူ၏စိတ်တွေ ပြန်ငြိမ်သက်စပြုပြီး ခဏအကြာ ဘေးတွင်… ကွယ်လွန်သွားသော သူ့ ချစ်သူအတွက်
အမြဲ အသင့် ပြင်ထားသော ခေါင်းဦး မှာ အောက်သို့ မသိမသာအိဆင်း သွားသည်ကို သတိပြုမိ၍
သူမအနားမှာ ရှိနေသည်ဟု သူသိလိုက်သည်…။ ထိုစဉ်.
တစုံတယောက်က လက်ဖ၀ါးနှင့် သူ့ နံဖူးကို ပွတ်သတ်ချော့သိပ်သလို .ပြတင်းပေါက်မှဝင်လာတဲ့ အေးမြတဲ့လေပြေ ဝှေ့ ယှမ်းမှုကြောင့်
မကြာမီ အိပ်မောကျသွားခဲ့လေသည်..။
********************************
အပိုင်း(၂)
(…Air Port’s Million Coins
Café…Restraunt…)
သူမ..ထိုစားသောက်ဆိုင်သို
့ .ရုံးပိတ်ရက်တိုင်း . အမြဲ လာနေကြဖြစ်သည်….။….ဆိုင်ထဲတွင်လူ ရှင်းနေသည်မို့ သူမအတွက်စိတ်အေးချမ်းမှုကိုရစေသည်…။ထို
့အတွက်…အလင်းရောင်းကောင်းမွန်သည့် တနေရာကို သူမရှာ လိုက်သည်..။ နေရာကောင်းကောင်း ရရန်
ရှာနေသောသူမ အဖို့ စိတ်ဝင်စားစရာတစ်ခု ကိုထို…ဆိုင်ထဲ တွင်တွေ့ လိုက်ရသည်…။ အခန်းထောင့်တနေရာတွင်
တယောက်တည်းစကားပြောနေသည့်  ကာရံ ကိုတွေ့လိုက်သည်။…သူ၏ရှေ့ ….မျက်နှာချင်းဆိုင်တွင်ကော်ဖီ
ခွက်တခွက်…..ချထားပြီ.း သူ့ ပုံစံမှာ သူ့ ရှေ့ တွင်…လူတစ်ယောက် ရှိနေသလို….ပင်..။
မြသွေး စိတ်ေ၀၀ါး သွားပြီး….. ဆိုင်မှ waiter အား “ကောင်လေး….ဟိုမှာ ထိုင်နေတဲ့ သူက
ဒီကို နေ့ တိုင်း လာလား..?” “ဟုတ် အမ နေ့ တိုင်းလာပါတယ်…”
“ဒါနဲ့ 
……သူကဘာလို့ အရှေ့ မှာကော်ဖီတခွက်ချထားရတာ လဲ.....စိတ်မရှိနဲ့ နော် သိချင်လို့ ပါ?”
“သြော်..ဒါလား…အရင်တုန်းကတော့
…သူ့ ကောင်မလေးနဲ့ အမြဲလာပြီးကော်ဖီသောက်တယ်…..သူကတော့ကော်ဖီမကြိုက်လို့  အအေးသောက်တယ်
…သူ့ ကောင်မလေးကတော့ Amercano coffee သောက်တယ်….ခုတော့
သူ့ ကောင်မလေးနဲ့ မလာတာ ၁ပတ်လောက်တော့ရှိပြီ…ကျွန်တော်တော့အဲ့ လောက်ပဲသိတယ်…”
“ခုလိုပြောပြပေးတဲ့
အတွက် ကျေးဇူးပါမောင်လေး…..အမကို Amercano coffee တစ်ခွက်လောက်ပေးပါ…”
“ဟုတ်ကဲ့
အမ”
Waiter လှည့်
ထွက်သွားတော့ မှ မြသွေး…ကာရံ အနားသို့ လျှောက်သွားပြီး အနားရောက်တော့ ရပ်နေခဲ့ သည်..။ “သြော်…..ညီမ ထိုင်လေ…အကိုတို့ ရုံးကိုအသစ်ရောက်လာတဲ့
ညီမ မလား တွေ့ ရတာဝမ်းသာပါတယ…ထိုင်ပါ်”…. ကာရံ ၏ဖော်ရွှေ မှုကို အသိအမှတ်ပြု လိုက်သည်
့အနေဖြင့် …သူ့ ဘေးမှ ခုံအလွတ် တခုတွင် ၀င်ထိုင် လိုက်သည်…။ ….. “ကျွန်တော့် နာမည်
က ကာရံငယ် ပါ ညီမနာမည် ကရော.”
“ဟုတ် …မြသွေးပါ..”
“ နာမည်လေးက လှ သားပဲ ….တစ်ရုံးထဲ ဆိုတော့ အကူ အညီလိုရင်တောင်းလို့ ရပါတယ်…”
“အမ .. Amercano
coffee ရပါပြီ…လိုတာရှိရင် လှမ်းခေါ်လိုက်ပါခင်ဗျ” waiter က Coffee ချပေးပြီး လှည်ထွက်
သွားသည်…။
“မြသွေးက .. Amercano coffee ကိုကြိုက်တာ လား….”
“ဟုတ်
…..အမြဲ သောက်ဖြစ်တယ်…” .. ကာရံ ကသူ နှင့် မျက်နှာချင်းဆိုင် ..တွင်ချ ထားသည့်
Coffee ခွက်ကို ကြည့် ပြီး…. “ကျွန်တော့် ကောင်မလေး ကလည်း Amercano coffeeကိုကြိုက်တယ်
လေ…ကျွန်တော်ကတော့ Coffee မကြိုက်လို့ အအေးပဲ သောက်တယ်…ခုလည်းသူရှိမှာ ဆိုတာယုံကြည်လို
ဲ့ သူရှိတုန်းကအတိုင်း ပြူမူတယ် သူရှိသလိုပဲနေတယ်…တချို့ တွေကတော့ အရူးလို့မြင်မှာပေါ့။”
တည်ငြိမ်လေး နက်မူနဲ့ ပြောနေတဲ့ ကာရံကို ကြည့် ပြီး မြသွေး နည်းနည်းတုန်လှုပ်သွားသည်…။်…
သူ့ မ ဘေးမှ.Coffee ခွက်ကို သေသေချာချာ စိုက်ကြည့် လိုက်သည်…။ “ဟင်” ရုတ်တရတ် မြင်တွေ
့လိုက်ရသည့် အရာကြောင့် သူမ လန့် ဖြန့် သွားပြီး …ဧကရီပြောတဲ့ စကားကို ပြန်ကြားရောင်
မိပြန်သည်….။
(“…ဒီထက်အံ့သြ ဖို့ ကောင်းတာက…
သူ့ ကိုချစ်တဲ့ သူတိုင်း…ကို…သေသွားတဲ့ သူ့ ချစ်သူက လိုက်နှောက်ယှက်နေတယ်ဆိုပဲ ဒါ့ကြောင့် “နင် သူ့ ကိုချစ်ဖို့ မကြိုးစားပါ နဲ့..”)
…မြသွေးမှာ ကာရံ ကိုမြင်မြင် ချင်း သဘော ကျသည်မှာ အမှန်ပါ.. သို့ပေမယ့်
ရှေ့ ဆက်ဖို့ အတွက် သူမ မ၀ံ့ရဲပေ..။
“ဘာစဉ်းစားနေတာလည်း
မြသွေး”
“ရှင်!
…..ဘာမှ မဟုတ်ပါဘူး ကိုကာရံ… …အိမ်ကနေ မီးမပိတ်မိ ပဲ ထွက်လာ လို့ ခုမှ သတိထားမိတယ်
မီးအားတွေ ကငြိမ်တာမဟုတ်ဘူး …ပြန်လိုက်ဦးမယ်နော်…..”
“သြော်
ဟုတ်ကဲ့ နောက်သတိထားပေါ့ ဗျာ”
“ဟုတ်”
…… ကာရံငယ် တစ်ယောက်ရေး ကြီးသုတ် ပျာထွက်သွားသော
မြသွေးကိုကြည့် ပြီး……
“သူ
့ကြည့်ရတာ တမျိုးပဲ … ကော်ဖီတောင်ကုန် အောင်မသောက်သွား ဘူး….. ညီလေးရေ ဘယ်လောက်ကျလဲ…”
“3500ပါ
အကို ….”
“ရော့
ညီလေး ပြန်မအမ်းနဲ့ တော့ ပိုတာယူ လိုက်..အကိုသွားပြီ”
“ဟုတ်ကဲ့ ကျေးဇူးပါအကို” Waiter …က အအေးပု လင်းနှင့်..ကော်ဖီခွက်
နှစ်ခွက်ကို သိမ်းလိုက်သည်…။ “ဟင်…ကော်ဖီအပြည့် နဲ့ ခွက်က ဘာလို့ နုတ်ခမ်းနီးတွေ ပေနေတာ
လည်း…”..ခေါင်းကုတ် ပြီး….. ထွက်သွားလေသည်…။
အပိုင်း(၃)
“မြသွေး နင်ပြော တာတွေက တကယ် လား”
ရုံးဆင်းချိန်တွင် ကားမှတ်တိုင်သို့ လမ်းလျှောက်ရင်း..မြသွေးက သူအဖြစ်အပျက်ကို
ဧကရီအားပြောပြနေ သည်..။
“ငါတကယ် တွေ
လိုက်တယ် ဟ……အဲ့ဒီကော်ဖီခွက် ဘေးမှာ နူတ်ခမ်းနီ ရာကြီးပေါ်လာတယ် အဲ့ဒါနဲ့ ……ငါလည်းကြောက်လို
့ပြေးလာတာ..”
“ဟင်း!....ဇာတ်လမ်းကတော့
စလာပြီ….”
“ဘာဇာတ်လမ်း
တုန်း..”
ဧကရီပြော
မည်အလုပ်….သူ့  တို့ နှစ်ယောက် နားသို့ ကားအနက်တစီး ထိုးရပ်လိုက်သည်….။
“ဟေ့ ဧက ရီ
နဲ့ မြသွေး ဘာတွေပြောနေ ကြတာ ….”
“သြော် ကိုကာရံ ပါလား ဘာ မှမဟုတ်ပါဘူး ….အဟဲ.ဒီလိုပဲ
အလာပသလပပေါ့” ဧကရီ က မျက်နှာ ချိုသွေးပြီး ပြောလိုက်သည်..။
“နင်တို့ ဘယ်ကို
သွားမှာလဲ …ငါ လိုက်ပို့ ပေးမယ်….လေ…”
“ဧကရီကတော့
နီးလို့ လိုင်းကားပဲ စီးသွားလိုက်မယ်”
“မြသွေးက
ကိုယ်နဲ့ တရပ်ကွက်ထဲပဲ မလား….တခါတည်းလိုက်ခဲ့လေ…”
“ဟို…” ဧကရီက
အလိုက်တသိနှင့် 
“ကိုကာရံ
ဧကရီ…သွားတော့ မယ် လိုင်းကားလာနေပြီ….မြသွေးတာတာ့နော်..”
ကားမှတ် တိုင်သို
့ပြေးသွားသော မြသွေးတယောက် ဘာလုပ်ရမှန်း မသိဖြစ်နေပေသည်..။
“ကဲပါ မြသွေး
…အားနာမနေပါနဲ့…တက်…တက်…” ပြောပြောဆိုဆို ပဲကာရံ ကား တံခါးဖွင့်ပေးလိုက်သည်။
မြသွေး..ရို
့ရို့ ကျိုးကျိုး….ကာရံငယ် ဘေးမှခုံတွင် ၀င်ထိုင်လိုက်သည်.။…ကာရံ တစ်ချက်ပြုံးလိုက်ပြီး….ကားမောင်း
ထွက်သွားလေသည်.. ။ အတန်ကြာဆိတ်ငြိမ်နေပြီးမှ……
“မြသွေးထိုင်နေတဲ့
နေရာက လွတ်နေတာ တော်တော် ကြာပြီ……. အရင်က ဆောင်း.. ထိုင်နေကြနေရာလေ”
“ရှင်” ရုတ်တရတ် ထွက်ပေါ်လာ တဲ့ စကားကြောင့် မြသွေး လန့် သွားသည်..။
…သူ မစိတ်တွေ ရောက်ယက်ခတ်သွားပြန်သည်..။ ကာရံပြော သည့် စကားက သူမစိတ်တွေကို ခြောက်လှန်
့လိုက်သလိုဖြစ်နေသည်..။
တုန်တုန်
ယင်ယင် ဖြင့် …..
“ကို….ကိုကာရံကို ဆောင်းကတော်တော် ချစ်လား”
“အင်းပေါ့ ဗျာ ကျွန်တော် တို့ နှစ်ယောက်က တယောက်နဲ့
တယောက်တော်တော် ချစ်ကြတယ်…” “သူ……ကျွန်တော်
့အနားမှာ အမြဲ ရှိနေတယ်လေ…..မြသွေး…ကိုသူနဲ့ မိတ်ဆက်ပေးရမလား” ကာရံငယ် ၏ …ရုတ်တရတ်ပြော
လိုက် တဲ့ စကားကြောင့် မြသွေး လန့် သွားသည်။..
“စတာပါ…..မြသွေး…ရဲ့
မလန့် သွားပါနဲ့…..” ရယ်ကျဲကျဲပြောပြီး တဖက်လှည့် သွားသော ကာရံ ကို ကြည့် ပြီး သူမစိုးထိတ်နေခဲ့
သည်… ။ ခဏအကြာ…. “ကျွန်မကို ရှေ့ နားမှာ ချပေးပါ ကိုကာရံ…” “သြော် ဟုတ်ကဲ့….” ကာရံ…ကားကို
လမ်းဘေးသို့ ထိုးရပ်လိုက်သည်…။ … “ကိုကာရံ… ခုလို လိုက်ပို့ ပေးတာ ကျေးဇူးတင်ပါတယ်
နော်” ပြောပြောဆိုဆို ဖြင့် သူမ ကားတံခါးဖွင့် လိုက်သည်..။ “ချောက်” …
“Lock ကျနေတယ် ဖွင့် ပေးဦး ကိုကာရံ”
“ကျွန်တော်
…lock ဖွင့် ထားပါတယ် ဗျ ”
“တံခါးက ဖွင့်မရဘူး”…
သူမနှာခေါင်း ထဲတွင် ညှီစို့ စို့ အနံရတာကြောင့် ဘေးဘီ ၀ဲယာကို ကြည့် လိုက်သည်..။
“ဘာနံ့  လဲမသိဘူး.” “ဘာနံ့ မှမရပါဘူး” “မြသွေး တံခါးကကျပ်နေတာထင်တယ် ကျွန်တ်ာဆွဲဖွင့်ပေးမယ်…။
“ချောက်….ဒေါက်” “ကဲရပြီ တံခါးက နည်းနည်းကျပ်နေတာ…”
မြသွေးကားပေါ်က ဆင်းသွားသည်…။ “ကျေးဇူးနော်ကိုကာရံငယ်” …
. “ရပါတယ်ဗျာ
မလို ပါဘူး…..သွားပြီမြသွေး…တာတာ…” ပြောရင်း ကားကိုအရှိန်ပြင်းပြင်မောင်း ထွက်သွားလေသည်…။
မြသွေး…..သူမကို ကာရံငယ် နုတ်ဆက်သွားတဲ့ အသံကိုသူမကြား လိုက်ပေ…။ သူမကြားလိုက်သည်က…..
“နင်…ငါ့နေရာမှာမထိုင်နဲ့ ငါ့နေရာမှာ…ဘယ်သူ့ မှ ထိုင်တာမကြိုက်ဘူး”
ကားပေါ်မှဆင်းခဲ့ သည့် နေရာမှာ ပဲအတန်ကြာအောင် ကျက်သေသေ
ရပ်နေခဲ့ မိသည်။
(မကြာမီ စိတ်ဝင်စား ဖွယ် အပိုင်း များ နှင့် နောက်ထပ် ထပ်ရောက်လာမည့်
ဇာတ်ကောင် များ ကို စာအုပ်ထွက်ပြီး (သို့) PDF လုပ်ပြီး တင်ပေးပါ့မယ်..။ စောင့်မျှော်
အားပေးကြပါဦးနော်…)
0 comments:
Post a Comment
သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)