Home » » ဧရာမ လင်းနို့ကို မျိုတဲ့ ဧရာမ စပါးအုံးမြွေ(အင်မတန်ကြီးမားသော မြွေကြီး ဓာတ်ပုံများဖြစ်၍ ကြောက်တတ်ပါက မကြည့်ပါရန်)

ဧရာမ လင်းနို့ကို မျိုတဲ့ ဧရာမ စပါးအုံးမြွေ(အင်မတန်ကြီးမားသော မြွေကြီး ဓာတ်ပုံများဖြစ်၍ ကြောက်တတ်ပါက မကြည့်ပါရန်)

Written By Unknown on Sunday, August 23, 2015 | August 23, 2015








သြစတေးလျနိုင်ငံ Queensland ပြည်နယ်၊ Sunshine Beach မှာ နေထိုင်တဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ ၎င်းတို့ အိမ်အနီးမှာ စပါးအုံး မြွေကြီးဟာ အရွယ်ကြီးတဲ့ လင်းနို့တစ်ကောင်ကို မျိုတာကို မြင်တွေ့ခဲ့ပါတယ်။

မြွေရဲ့ အရှည်ဟာ ၁၀ ပေ နီးပါး ရှိပါတယ်။ ၎င်းတို့ အိမ်ခြံဝိုင်းအပြင်က သစ်ပင်ပေါ်မှာ တွဲလောင်းချိတ် နေနေတဲ့ လင်းနို့ကို ဖမ်းယူပြီး သစ်ပင်ပေါ်ကနေပဲ မျိုဖို့ ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။ လင်းနို့ဟာ ပါးစပ်ထဲ ဝင်သွားပြီးနောက် တောင်ပံ က အပြင်မှာ ကျန်ခဲ့တာကြောင့် ရုန်းကန်ဖို့ ကြိုးစားပါတယ်။ ယင်း ကြိုးစားမှုကြောင့် လင်းနို့ကို မျိုဖို့ ကြိုးစားတဲ့ မြွေအတွက် အချိန်အားဖြင့် မိနစ် ၃၀ မက အချိန်ယူခဲ့ရ ပါတယ်။

လင်းနို့ဟာလည်း လူ လက်တစ်ပြန် ဖြန့်စာလောက် ကျယ်တဲ့ တောင်ပံကို ဖြန့် နိုင်အောင် အရွယ်ကြီး ပါတယ်။ ဒါပေမယ့် ၁၀ ပေ ဝန်းကျင် ရှိတဲ့ မြွှေဟာ နွားပေါက်ကိုတောင် မျိုနိုင်စွမ်း ရှိပါတယ်။ ယင်း ဗီဒီယိုကို http://goo.gl/6rVS2o မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation