Home » » ကမ္ဘာပေါ်မှာ မိုးကြိုး အပစ်ခံရဆုံး နေရာ

ကမ္ဘာပေါ်မှာ မိုးကြိုး အပစ်ခံရဆုံး နေရာ

Written By Unknown on Tuesday, September 1, 2015 | September 01, 2015


ဗင်နီဇွဲလားနိုင်ငံက မာရာကိုင်ဘို ရေကန်ကို ကမ္ဘာပေါ်မှာ မိုးကြိုး အပစ်ခံရဆုံး နေရာ အဖြစ် သိပ္ပံပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။ ဒီနှစ်အတွက် ရေးသားထုတ်ဝေတဲ့ ဂင်းနက် စံချိန် မှတ်တမ်း စာအုပ်မှာလည်း မာရာကိုင်ဘို ရေကန် အကြောင်း ထည့်သွင်း ရေးသားထားပါတယ်။

ကာတာလမ်ဘို မြစ်နဲ့ မာရာကိုင်ဘို ရေကန်တို့ ဆုံတဲ့ နေရာမှာဆိုရင် တစ်မိနစ်ကို မိုးကြိုး ၂၈ကြိမ် အထိ ပစ်ချနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ နေရာ တစ်ခုတည်းကို မိုးကြိုး အကြိမ်ကြိမ် ပစ်ချရတဲ့ အကြောင်းရင်းက လေကြောင်းပုံစံ၊ မြေမျက်နှာသွင်ပြင် အနေအထားကြောင့်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေပါတယ်။

ဗင်နီဇွဲလား လေထုဟာ ကမ္ဘာပေါ်မှာ မီသိန်း ဓာတ်ငွေ့လို ဟိုက်ဒရို ကာဗွန် ဓာတ်ငွေ့ကို စတင် ဖယ်ရှားနိုင်တဲ့ ဖန်အိမ်လုံ ဓာတ်ငွေ့ ထုတ်လွှတ်မှု အများဆုံး ဖြစ်တာကလည်း မိုးကြိုး မုန်တိုင်း ထန်တဲ့ အကြောင်းရင်း တစ်ရပ်ပါ။ ကာရစ်ဘီယံ ပင်လယ်က တိုက်ခတ်လာတဲ့ လေပူတွေကြောင့် ဗင်နီဇွဲလား လေထု အနေအထား ထူးထူးခြားခြား ပြောင်းလဲပြီး တစ်နှစ်ကို မိုးကြိုး ပစ်ချတဲ့ရက် ၂၆၀၊ မိုးကြိုး အကြိမ်ရေ ၁.၂သန်း ဖြစ်ပေါ်စေနိုင်ပါတယ်။

မာရာကိုင်ဘို ရေကန်ပေါ်မှာ ခရမ်းရောင် အလင်းရှိတဲ့ မိုးကြိုးတွေ မကြာခဏ ပစ်ချလေ့ရှိပြီး ဒီမိုးကြိုးရဲ့ အလင်းရောင်ကို မိုင် ၂၅၀ အကွာက လှမ်းမြင်ရနိုင်တယ်လို့ ဆိုပါတယ်။

Nz

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation