Home » , » ကြက်တူရွေး ဆံပင်ပုံစံကြောင့် မိသားတစု လုံးကို ဖခင်ဖြစ်သူ သတ်ဖြတ်

ကြက်တူရွေး ဆံပင်ပုံစံကြောင့် မိသားတစု လုံးကို ဖခင်ဖြစ်သူ သတ်ဖြတ်

Written By Unknown on Saturday, January 2, 2016 | January 02, 2016



ရုရှားနိုင်ငံက နေအိမ် တခုမှာ ၆ နှစ် အရွယ် သားဖြစ် သူကို ကြက်တူရွေး ပုံစံ ဆံပင် ညှက်ပေးတာ မကြိက်တဲ့ ခင်ပွန်းဖြစ်သူက သူ့ရဲ့ မိသားစုဝင် ၈ ဦး စလုံးကို သတ်လိုက် ပါတယ်။

အိုလက်ဘီလော့လို့ ခေါ်တဲ့ ဖခင်ဖြစ်သူဟာ သားသမီး ၆ ဦး၊ အသက် ၃၂ နှစ် အရွယ် ကိုယ်ဝန်ဆောင် ထားတဲ့ သူ့အမျိုးသမီးနဲ့ မိခင်တို့ကို သတ်ခဲ့ တာလို့ ဒီဇင်ဘာ ၁၈ ရက်နေ့ အင်္ဂလန် အခြေစိုက် mirror သတင်းမှာ ဖော်ပြ ထားပါတယ်။

ရဲတွေကလည်း အခင်းဖြစ်ပွားတဲ့ နေရာကို သွားရောက် ခဲ့ပြီး သေဆုံးနေတဲ့ ကလေး တွေဟာ အသက် ၁ နှစ်ကနေ ၇ နှစ် အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။




မိသားစုဝင် အားလုံးကို ၁၀ မိနစ် အတွင်းမှာပဲ သတ်လိုက်တာ ဖြစ်ကြောင်း၊ ဘာလို့လဲ ဆိုတော့ မိန်းမက အသက် ၆ နှစ် အရွယ်လောက် ရှိတဲ့ သူ့ရဲ့ ကလေးကို ကြက်တူရွေး ပုံစံ ဆံပင် ညှပ်ပေး လိုက်လို့ အခုလို သတ်ဖြတ်တာ ဖြစ်ကြောင်း ဘီလော့က တရားရုံးမှာ ထွက်ဆို ထားပါတယ်။

ဒီသတင်းကို ကြားသိတဲ့ ရုရှား နိုင်ငံသားတွေ ကလည်း ထိတ်လန့် နေကြောင်း သတင်းက ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သူ့ကိုလည်း တရားရုံးက အမိန့်ချဖို့ စီစဉ်နေပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တသက် တကျွန်း ကျနိုင်ကြောင်း သိရပါတယ်။

by ဒီဗွီဘီ

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation