Home » » ၀မ်းဗိုက်ချပ်ရပ်သွားစေမည့် ၁၅ မိနစ် လေ့ကျင့်ခန်း

ဝမ်းဗိုက်ချပ်ရပ်သွားစေမည့် ၁၅ မိနစ် လေ့ကျင့်ခန်း

Written By Unknown on Wednesday, May 14, 2014 | May 14, 2014

ဖော်ပြပါလေ့ကျင့်ခန်းတွေက ၁၅ မိနစ်လောက်သာ လေ့ကျင့်ရပြီး အလေးမပစ္စည်းအနေနဲ့ ရေသန့်တစ်ဘူးကို သုံးကာ လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၁၅ မိနစ်နေ့စဉ် လေ့ကျင့်ပေးပါ။ ၀မ်းဗိုက် ချပ်ရပ်လှပနေစေပါလိမ့်မယ်။
ဦးခေါင်းနှင့်ခြေထောင်မြှင့်တင်ပါ
ဖျာပေါ်မှာ ပက်လက်နေပြီး သင့်ဦးခေါင်းအောက်မှာ လက်ခံထားပါ။ ဒူးတစ်ဖက်ကို ကွေးထောက်ထား ကာ ကျန်ခြေထောက်တစ်ဖက်က ဆန့်တန်းထားပါ။ ခြေထောက်တစ်ဖက် နဲ့ ခေါင်းကို ပြိုင်တူ မြှင့်တင်လိုက်၊ ဖျာပေါ်ပြန်ချထိလိုက် အကြိမ် ၂၀ ပြုလုပ်လေ့ကျင့်ပြီး ဆန့်ကျင်ဘက်ပုံစံပြောင်းကာ အကြိမ် ၂၀ လေ့ကျင့်ပါ။
ခါးနေရာ လှုပ်ရှားပါ
ခြေထောက်တွေကို သင့်ပခုံးအကျယ်အတိုင်း ခွာပြီး မတ်တတ်ရပ်နေပါ။ လက်နှစ်ဖက်နဲ့ ရေသန့်တစ်လီတာတစ်ဘူးကို ကိုင်ပြီး အပေါ်သို့ဆန့်တန်းထားပါ။ ခါးနေရာကနေ ခန္ဓာကိုယ်ကို ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက် အကြိမ် ၃၀ လေ့ကျင့်ပါ။
ဒူးနှင့်တံတောင်လှမ်းထိပါ

ရေသန့်တစ်လီတာဘူးကို လက်နှစ်ဖက်နဲ့ ရင်ဘတ်နေရာနားမှာ ကိုင်ထားပါ။ ဒူးတစ်ဖက်ကို ဘယ်ဘက်သို့ကွေးတင်လိုက်ချိန် ရေသန့်ဘူးကိုင်ထားတဲ့လက်ကို ညာဘက်သို့ ယိမ်းလိုက်ပါ။ ဆန့်ကျင်ဘက်ပုံစံ ဒူးနဲ့တံတောင်က သင့်ဝမ်းဗိုက်နေရာနားမှာ ဆုံပါစေ။ အကြိမ် ၃၀ ပြုလုပ်လေ့ကျင့်ပေးပါ။
ခြေထောက်တစ်ဖက်ချင်းစီမြှင့်တင်ပါ
ဖျာပေါ်မှာ ပက်လက်နေပြီး ဒူးတွေကို ကွေးထောင်ထားပါ။ ခြေဖ၀ါးတွေကို ကြမ်းပြင်မှာ ထိနေစေပြီး ဒူးတစ်ဖက်ကို ၉၀ ဒီဂရီကွေးထောင်လိုက်ချိန် ကျန်ခြေထောက်တစ်ဖက်ကိုပါ ဟန်ချက်ညီစေဖို့ ခြေဖနောင့်တွေကို မြှင့်တင်လိုက်ပါ။ ခဏလောက်နေပြီး ဒူးပြန်ထောက်ကာ အကြိမ် ၂၀ လေ့ကျင့်ပြီး ကျန်ခြေထောက်တစ်ဖက်ပုံစံပြောင်းကာ အကြိမ် ၂၀ လေ့ကျင့်ပါ။
ခြေတံ၊ လက်တံဆန့်ထုတ်ပါ
ဖျာပေါ်မှာ ပက်လက်အနေအထားနေပြီး လက်နှစ်ဖက်ကို မျက်နှာကြက်ဆီသို့ဆန့်တန်းထားပါ။ ခြေထောက်တစ်ဖက်ကို မျက်နှာကြက်ဆီသို့ ဆန့်ထုတ်လိုက်ချိန် လက်တစ်ဖက်ကို သင့်ဦးခေါင်းအပေါ်သို့ ဆန့်ထုတ်လိုက်ပါ။ ခြေနဲ့လက်ကို ဆန့်ကျင်ဘက်ပြောင်းကာ အကြိမ် ၂၀ စီပြုလုပ်လေ့ကျင့်ပါ။

  http://yetayzakyaw528.blogspot.com/ (ကာရံငယ်)

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation