Home » » တွဲလာတာကြာပြီဖြစ်တဲ့ ချစ်သူစုံတွဲတွေကို မမေးသင့်တဲ့ မေးခွန်း (၇ ) ခု

တွဲလာတာကြာပြီဖြစ်တဲ့ ချစ်သူစုံတွဲတွေကို မမေးသင့်တဲ့ မေးခွန်း (၇ ) ခု

Written By Unknown on Tuesday, May 13, 2014 | May 13, 2014


ရည်းစားသက်တမ်း ကြာနေပြီဖြစ်တဲ့ ကိုယ့်သူငယ်ချင်းစုံတွဲပဲဖြစ်ဖြစ်၊ ရိုးရိုးအသိမိတ်ဆွေအတွဲကိုပဲဖြစ်ဖြစ် ဒင်နာပါတီမှာ တွေ့လိုက်လို့ စကားမရှိ စကားရှာပြီး ဟိုမေးဒီမေးလုပ်တဲ့အခါ မမေးသင့်တဲ့ မေးခွန်းတွေကို ရှောင်ကြဉ်မေးဖို့တော့ လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတာ အချိန်ကာလကြာရှည်စွာ တွဲလာတဲ့ စုံတွဲတွေမှာလည်း သူတို့အခြေအနေနဲ့ သူတို့ရှိနေကြလို့ပါပဲ။ ဘယ်လိုမေးခွန်းမျိုးတွေက ရိုင်းသလဲ၊ မသင့်တော်ဘူးလဲ ဆိုတာကို သိထားမှ လူမှုဆက်ဆံရေးတစ်ခုကို ကြာရှည်ထိန်းထားနိုင်မှာလေ။ ကဲ မမေးသင့်တဲ့ မေးခွန်းလေးတွေကတော့

၁။ သူ ဘယ်တော့လောက် နင့်ကို လက်ထပ်ခွင့်တောင်းမယ်လို့ထင်လဲ။

ဒီမေးခွန်းက ဖြေတဲ့သူအတွက် အခက်အခဲတွေ့စေသလို သူကနင့်ကို အပျော်တွဲနေတာလို့ ပြောချင်တဲ့ပုံပေါက်နေတယ်ဆိုတာ သိထားပါ။

၂။အို မေ့သွားလို့ နင်တို့တွေက လက်မှမထပ်ရသေးဘဲ။

ဒီစကားကလည်း သူတို့ကို တိတ်တိတ်ပုန်း လက်ထပ်ထားသလိုလို စွပ်စွဲရာရောက်ပါတယ်။ မပြောသင့်ပါဘူး။

၃။နင့်တို့နှစ်ယောက် လက်ထပ်မယ့် အကြောင်းရော ပြောဖြစ်ကြရဲ့လား။

ချစ်သူရည်းစားတွေကတော့ တွဲလာတာ အချိန်ကြာလာတာနဲ့အမျှ လက်ထပ်မယ့်အကြောင်း ပြောဖြစ်တာပါပဲ။ ဒါကို သိသိရက်နဲ့ ဒီအကြောင်းပြောဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းဟာ တဖက်လူကို သက်သက်ကလိနေတာနဲ့ တူပါတယ်။

၎။ဒီလောက်ကြာနေပြီ။ တစ်ယောက်နဲ့တစ်ယောက် စိတ်မကုန်ကြဘူးလား။

ဘယ်သူမဆို ချစ်သူရည်းစား အချင်းချင်း စိတ်ကောက်၊ ရန်ဖြစ်၊ စိတ်ကုန်တာမျိုး တစ်ခါတစ်လေ ဖြစ်ကြတာပါပဲ။ ဒါပေမယ့် ဒီလိုမေးတာမျိုးကတော့ ရိုင်းတယ်လို့ ပြောရမှာပေါ့။

၅။နင်တို့နှစ်ယောက် အတူတူနေဖြစ်တဲ့အခါတိုင်း အရင်လို ရင်ရောခုန်ကြသေးလား။

တော်တော်လေး ရင်းနှီးတဲ့ ပြောမနာ၊ ဆိုမနာ သူငယ်ချင်းတွေဆိုရင်တောင် မမေးသင့်တဲ့ မေးခွန်းပေါ့။

၆။နင့် ကောင်လေး/ နင့်ကောင်မလေး ကို ချန်ထားခဲ့တာလား။

ပါတီလိုနေရာမျိုး၊ ကလပ် ၊ ရှိုးပွဲလိုနေရာမျိုးတွေမှာ သူ့ရည်းစားမပါဘဲ တစ်ခြားသူငယ်ချင်းတွေနဲ့ သူ့ကို တစ်ယောက်တည်း တွေ့လိုက်လို့ မေးတဲ့အခါ သူ/သူမ မပါဘူးလား ဆိုတာမျိုးပဲ ဖြစ်သင့်ပါတယ်။ မခေါ်ချင်လို့ ချန်ထားခဲ့တာမလား ဆိုတဲ့ မေးခွန်းမျိုးက မမေးသင့်တဲ့မေးခွန်းမျိုးပါ။

၇။သူ့ကို တစ်သက်လုံး ချစ်သွားမှာလား။

အူကြောင်ကြောင် မေးခွန်းလည်းဖြစ်သလို ဒါကိုပြန်ဖြေမယ့်သူအတွက်လည်း စိတ်ပျက်စရာမေးခွန်းဆိုတာ မမေ့ပါနဲ့။

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation