Home » » အိမ် ခဏလောက်ရောက်ပါရစေ.......

အိမ် ခဏလောက်ရောက်ပါရစေ.......

Written By Unknown on Tuesday, May 13, 2014 | May 13, 2014


http://www.hlg.co.nz/bits/stock/house-home.jpg
အချိန်တွေ ကုန်နေပေမယ့်
နာရီတွေ လည်နေပေမယ့်
အိမ်ပြန်ချိန်ဆိုတာ ငါမသိသေးဘူး
မိသားစုဆုံတဲ့ အချိန်ဆိုရင်တောင်
အခုအချိန်မှာ ငါမရှိဘူး ။

တစ်ယောက်တစ်နေရာနဲ့
နေလာခဲ့တဲ့ ဘ၀တစ်လျှောက်
ငါတစ်ယောက်က အဝေးဆုံးလို့
တစ်ယောက်တည်း ယူဆ
မတူမျှတဲ့ ကံကြမ္မာကြောင့်လား
ဒဏ်ရာတွေ အမြောက်အများနဲ့
မိသားစုဆိုတဲ့ အေးရိပ်လေး ကို
အရောက်သွားချင်ပါရဲ.

ပျော်ရာနဲ့ တော်ရာကို ငါ မသိချင်ဘူး
ကြည့်မြင်ဘူး သလောက်နဲ့
အေးရိပ်အောက်ရောက်ချင်ပြီ
ဘ၀အမောတွေ ရေတွက်လို့
အိမ်ပြန်ရက်ဆိုတာကို တောင့်တမိပါတယ်
ကြောင့်ကြမူတွေနဲ့အတူ
အဝေးရောက်နေတဲ့ ငါတစ်ယောက်တည်း
ပေါက်ကွဲချင် စရာ အဆင်မပြေမူတွေကြောင့်
အိမ် ခဏလောက်ရောက်ပါရစေ..........
.................................................. 

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation