Home » » မိန်းမသားတွေဘာကြောင့် ငိုရသလဲ ?

မိန်းမသားတွေဘာကြောင့် ငိုရသလဲ ?

Written By Unknown on Monday, June 2, 2014 | June 02, 2014



ကောင်လေးတစ်ယောက်က သူ့အမေကိုမေးတယ် ။
` အမေ ဘာလို့ငိုနေတာလဲဟင် ´
` ဘာလို့လည်းဆိုတော့အမေဟာ မိန်းမသားတစ်ယောက်ဖြစ်နေလို့ပေါ့ကွယ် ´
မိခင်က ကောင်လေးကိုပြန်ဖြေတယ် ။
` ကျွန်တော်နားမလည်ဘူး ´ လို့ ကောင်လေးကပြောတယ် ။ အဲဒီအခါ သူ့ အမေက ကောင်လေး ကို ထွေးပွေ့ လိုက်ပြီး ` မင်း ဘယ်တော့မှ နားလည်မှာမဟုတ်ပါဘူးကွယ် ´ လို့ပြန်ပြောလိုက်တယ် ။
အဲဒီနောက်မှာ ကောင်လေးက သူ့အဖေကိုမေးတယ် ။
` အဖေ အမေက ဘာအကြောင်းမှ မရှိပဲ ဘာလို့ ငိုတာလဲဟင် ´
`မိန်းမသားအားလုံးဟာ အကြောင်းပြချက်မရှိပဲ ငိုတတ်တယ်သားရဲ့ ´ လို့ သူ့အဖေက ကောင်လေးကို ပြန်ပြော ခဲ့တယ် ။
ဒီလိုနဲ့ ကောင်လေးဟာ အရွယ်တဖြည်းဖြည်းကြီးလာပြီး လူကြီးတစ်ဦးဖြစ်လာခဲ့တယ် ။ ဒါပေမယ့် သူဟာ ဘာကြောင့် မိန်း မတွေ ငိုရသလဲဆိုတာနဲ့ ပတ်သတ်ပြီး မရှင်းမလင်း နဲ့ သိချင်စိတ်ရှိနေတုန်းပါပဲ ။ နောက်ဆုံးမှာ သူဟာ ဘုရားသခင်ဆီ ဖုန်းခေါ်လိုက်တယ် ။ ဘုရားသခင်က ဖုန်းကိုင်လိုက်တဲ့အခါ သူက မေးခဲ့တယ် ။

` ဘုရားသခင် ဘာကြောင့် မိန်းမသားတွေဟာ လွယ်လွယ်ကူကူ ငိုကြပါသလဲ ´
ဘုရားသခင်က ပြန်ဖြေခဲ့တယ် ။
` ငါဟာ မိန်းမသားတွေကို အထူးသီးသန့်ကွဲပြားခြားနားအောင်ဖန်ဆင်းခဲ့တယ် ကမ္ဘာကြီးရဲ့အလေးချိန်ကို ထမ်းထားနိုင်လောက်တဲ့ ပခုံးသားတွေ ဖန်ဆင်းပေးခဲ့တယ် တပါးသူကို နှစ်သိမ့် မှုပေးနိုင်အောင် နူးညံ့ညှင် သာ ခြင်းတွေ ပေးခဲ့တယ် ။ ကလေးမွေးဖွားနိုင်အောင် သားအိမ်သန်စွမ်းခိုင်မာမှုကို ဖန်ဆင်းပေးခဲ့သလို သူမွေးလာ တဲ့သား သမီးတွေ ဆီက ဘယ်လိုတုန့်ပြန်မှုမျိုးကိုမဆို နားလည်ခွင့်လွှတ်နိုင်အောင် ခံနိုင်ရည်စွမ်း ရှိအောင် ဖန်ဆင်းခဲ့တယ် ။သူတစ်ယောက် တည်းအ ထီးကျန်တဲ့အခါ ဆက်လက်ရှင်သန်နိုင်အောင် မာကြောမှု ကို ပေးခဲ့သလို သူ့မိသားစုကို ဖျားနာမှုတွေ မောပန်းနွမ်းနယ်မှုတွေကနေ ကာကွယ်ပေးနိုင်အောင်လည်း ဖန်ဆင်းခဲ့တယ် ။ဘယ်လို အခြေအနေမျိုးပဲ ကြုံရပါစေ ဘယ်လို အရာမျိုးပဲ ဖြစ်ပျက်နေ ပါစေ နောက် ဆုံးသားသမီးတွေဆီက ခါးသီးတဲ့ နာကျင်မှုတွေ သူ့ကို ပေးတာတောင်တာတောင်မှ အပြုံးမပျက်ပဲ သူ့သားသမီးတွေ ကို အချစ်မပြယ်အောင် ချစ်ခြင်းမေတ္တာကို ပေးတော်မူခဲ့တယ် ။ သူ့ခင်ပွန်းရဲ့ အမှားတွေကို ခါးစည်းခံနိုင်လောက်တဲ့ စွမ်းရည်တွေ နောက်ဆုံး သူ့ခင်ပွန်းက သူ့နံရိုးတွေနဲ့ သူ့နှလုံးသားကိုကာရံပြီး ဖက်ရှင်အဖြစ် ၀တ်ချင်တယ်ဆိုရင်တောင် ပေးအပ်နိုင်တဲ့ အစွမ်းမျိုး ကိုလည်း ပေးအပ်ခဲ့တယ် ။ခင်ပွန်းကောင်း တစ်ယောက်ဟာ ဇနီးသည်အပေါ် ဘယ်တော့မှ နာကျင်စေမှာ မဟုတ်ဘူးဆိုတာကို သိနိုင်တဲ့ အသိဥာဏ် မျိုးပေး ခဲ့တယ် ။ ဒါပေမယ့် တခါတရံမှာ စိန်ခေါ်မှုတွေ ခက်ခဲကြမ်းတမ်းမှုတွေကြောင့် သူမ ယုံကြည်ချက်တွေ မ၀ံ့မရဲ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တာမျိုးတွေ ကြုံရတယ် ။ ဒါကြောင့် နောက်ဆုံးမှာ ငါ ဘုရား သူမကို မျက်ရည်တစ်စက်ပေးတော်မူခဲ့တယ် ။ သူမ ဘယ်အချိန်အဖြစ်ဖြစ် လိုအပ်လာတဲ့အခါ အထူးသီးသန့်အ သုံးပြုဖို့အတွက်ပေါ့ ။
ဘုရားသခင်က ဆက်ပြောတယ် ။
` မြင်တယ်မဟုတ်လား ငါ့သား မိန်းမသားတစ်ယောက်ရဲ့ အလှအပဆိုတာ သူဝတ်ထားတဲ့ အ၀တ်အ စားတွေမဟုတ်ဘူး သူမ ဆင်ယင်ထားတဲ့ အသွင်းသဏ္ဍာန်တွေမဟုတ်ဘူး သူမ ဆံပင်ကို ဘယ်လို ဖြီးသင်သ လဲဆိုတဲ့ နည်းလမ်းလည်းမဟုတ်ဘူး မိန်းမသားတစ်ယောက်ရဲ့ အလှအပဆိုတာ ဟာ သူမရဲ့ မျက်လုံးတွေ ထဲမှာပဲရှိတယ် ။ ဘာကြောင့်လည်းဆိုတော့ မိန်းမသားတစ်ယောက်ရဲ့ မျက်လုံးဆို တာဟာ သူမအ ချစ်တွေ စုပြုံထားတဲ့ နှလုံးသားကနေ ထွက်ရှိလာတဲ့ တံခါးပေါက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ပါ ´
မူရင်း - သက်တန့် ချို

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation