Home » » ရည်းစားဟောင်းက ကိုယ့်ဆီပြန်လာဖို့ ကြိုးစားနေသလား

ရည်းစားဟောင်းက ကိုယ့်ဆီပြန်လာဖို့ ကြိုးစားနေသလား

Written By Unknown on Tuesday, June 3, 2014 | June 03, 2014



အကြောင်းကြောင်းကြောင့် ပြတ်သွားတဲ့ ရည်းစားဟောင်းက ကိုယ့်ဆီပြန်လာဖို့ ကြိုးစားနေသလားဆိုတာ သိစေနိုင်တဲ့ အချက်တွေရှိပါတယ်။
အဲ့ဒီအချက်တွေကို ကြည့်ပြီး သူ့ကို ပြန်စဉ်းစားမယ်ဆို စဉ်းစားနိုင်သလို ပြန်တွဲဖို့ စိတ်ကူးမရှိတော့ရင်လည်း သူနဲ့ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ အပြတ်ပြောပစ်လိုက်ရုံပဲပေါ့။ ကဲ ဘယ်အချက်လေးတွေက ကိုယ့်ရည်းစား ကိုယ့်ဆီပြန်လာဖို့ ကြိုးစားနေတယ်ဆိုတာ သိသာစေသလဲဆိုတော့

၁။ကိုယ့်ရဲ့ instagram က ပုံတွေတိုင်း သိပ်မိုက်တယ်လို့ ကွန်မန့်ပေးလာပြီဆိုရင်

ဖေ့စ်ဘွတ်ခ်ကပုံတွေပဲဖြစ်ဖြစ်၊ instagram ကပုံတွေပဲဖြစ်ဖြစ် ကိုယ့်ပုံတိုင်းကို မိုက်တယ်၊ လှတယ်စသဖြင့် ကွန်မန့်တွေ ပေးနေပြီဆိုရင်တော့ သူကိုယ့်နားပြန်လာဖို့ စဉ်းစားနေလို့ပါပဲ။

၂။အရင်က အကြောင်းလေးတွေကို ပြန်ပြောလာပြီဆိုရင်

ဖုန်းနဲ့ sms ပို့တာပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ chat တာပဲဖြစ်ဖြစ် သူနဲ့ကိုယ် အရင်က ပျော်ရွှင်စရာ အဖြစ်အပျက်လေးတွေကို သတိရကြောင်း ပြန်ပြောလာပြီဆိုရင် ဒါဟာ သူ့ကိုယ့်ဆီ ပြန်လာချင်လို့ပဲပေါ့။

၃။အမှတ်တမဲ့ တွေ့ဆုံတဲ့ အကြိမ်အရေအတွက်များလာရင်

ကိုယ့်အိမ်နားမှာလည်း သူနဲ့အမှတ်တမဲ့ ဆုံတယ်။ ကျောင်းနားမှာ၊ အလုပ်နားမှာ ခဏခဏ ဆုံလာတာမျိုးဟာ တိုက်ဆိုင်တာပဲလား၊ ရေစက်လား၊ သူတမင်ဖန်တီးတာလား။ တစ်ခုခုပဲပေါ့။ ဖြစ်နိုင်ခြေများတာကတော့ နောက်ဆုံးတစ်ချက်ပါပဲ။

၎။ကိုယ့်နားက တစ်ခြားဘဲတွေကို မမိုက်ဘူးလို့ ဖွင့်ဟပြောလာရင်

သူ့အပြင် ကိုယ့်နားမှာရှိနေတဲ့ ကောင်လေးတွေကို စသလိုလို၊ နောက်သလိုလိုနဲ့ မမိုက်ကြောင်း၊ အခြေအနေမကောင်းကြောင်း ဝေဖန်လာပြီဆိုရင်တော့ သူကလွဲပြီး ကိုယ်တွဲစရာ တစ်ခြားမရှိဘူးဆိုတာ သိစေချင်လို့ပါပဲ။

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation