Home » » အသည်းကွဲ ကဗျာ....

အသည်းကွဲ ကဗျာ....

Written By Unknown on Tuesday, October 14, 2014 | October 14, 2014


ပြန်မရနိုင်တော့မှန်းသိရဲ့နဲ့
မင်းဆီကအချစ်
မျှော်လင့်နေတုန်းပဲ…
မမုန်းရက်နိုင်မှန်းသိရဲ့နဲ့
မင်းလမ်းခွဲဖို့တောင်းဆိုသေးတယ်..
ဘယ်ဆီရောက်မှန်းမသိတဲ့
ပင်လယ်ပြင်ထက်က
ပဲ့မရှိတဲ့ လှေလို
ရောက်ချင်ရောက်ဆိုပြီး
ရွက်တတ်ပေးသေးတယ်….
ငါပျော်ခဲ့ပါတယ်   မင်းဆီက အနမ်းတစ်ပွင့်ကြောင့်
        ။               မင်းဆီက အပြုံးလေးတွေကြောင့်
ငါရှုးသွပ်ခဲ့တယ်       မင်းဆီက ဖုန်းခေါ်သံလေးကြောင့်
        ။                  မင်းဆီက မျက်ဝန်တစ်စုံကြောင့်
ငါခံစားနေရတယ်… မင်းဆီက ပြင်းထန်တဲ့ စကားလုံးတွေကြောင့်
         ။                 မမျှော်လင့်ဘဲ လမ်းခွဲရတဲ့နေ့တွေကြောင့်
         ။                မင်းမရှိတဲ့ ထိုင်ခုံလေးမှာထိုင်ပြီး လွမ်းနေရတယ်…
ခြေသံကြားတိုင်း
မင်းခြေသံလား..
ဖုန်းသံကြားတိုင်း
မင်းဖုန်းလားဆိုပြီး
အိပ်မရခဲ့တဲ့ ညတွေဟာ
များလှပါပြီကွာ…
ပြန်လာပါလို့ မပြောချင်ပေမဲ့
ရင်နင့်စွာ ချစ်ခဲ့ပြီးမှ
အစိမ်းလတ်လတ်ကြီး
ရင်ခွဲခံရတော့
ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကလွဲရင်
ကျန်တဲ့ မေးခွန်းကို ဖြေနိုင်သေးပါတယ်ဟာ…
ငါဆီက လက်ကျန်အချစ်တွေ
ကျန်ရှိနေသေးတယ်ဆိုတာ
မင်းသိပါစေလို့ပဲ
ရင်နင့်စွာ ဆုတောင်းရင်း………….
အသည်းကွဲ ခံရသူတစ်ဦးရဲ့ ခံစားချက်ပါ..

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation