Home » » ခါးနာ ဝေဒနာနဲ့ ကင်းဝေးချင်ရင်…..

ခါးနာ ဝေဒနာနဲ့ ကင်းဝေးချင်ရင်…..

Written By Unknown on Monday, December 1, 2014 | December 01, 2014


Image and video hosting by TinyPic


ဆေးလိပ်သောက်သူတွေမှာ မသောက်သူတွေထက် ခါးနာ,နာတာရှည်ဝေဒနာရရှိဖို့ အလားအလာသုံးဆ ပိုများတယ်လို့ သုတေသနတစ်ရပ်က သတိပေးထားပါတယ်။

ဆေးလိပ်သောက်တာဟာ ဦးနှောက်ကို ထိခိုက်စေပါတယ်။ ဦးနှောက်မှ ခါးနာဝေဒနာဖြစ်စေတဲ့ လမ်းကြောင်းကို ထိခိုက်စေပြီး ဝေဒနာသက်သာရာ ရရှိမှုလျော့နည်းသွားသလိုဖြစ်စေတယ်လို့ အမေရိကန်နိုင်ငံNorthwestern Unversity ရဲ့ Feinberg School of Medicine မှ နည်းပညာဆိုင်ရာသိပ္ပံပညာရှင် Bogdan Petre က ပြောဆိုခဲ့တယ်။

ရလဒ်ရဲ့အဖြေကိုတော့ အရွယ်ရောက်ပြီးသူပေါင်း (၁၆၀) အား စူးစမ်းလေ့လာမှုမှ ရရှိခဲ့တာဖြစ်ပါတယ်။

သူတို့ဆေးလိပ်သောက်တဲ့အခြေအနေ မေးမြန်းထားတဲ့ မေးခွန်းနဲ့ သူတို့ခါးနာဝေဒနာရဲ့ ပြင်းထန်မှုကို ဖော်ပြဖို့ မေးမြန်းခြင်း ခံခဲ့ကြပါတယ်။


စွဲလန်းတတ်တဲ့အပြုအမူနဲ့ သင်ယူမှုကို လှုံ့ဆော်ပေးတဲ့ ဦးနှောက်နှစ်နေရာကြား MRI လှုပ်ရှားမှုကို သိပ္ပံပညာရှင်တွေက အသေးစိတ်လေ့လာခဲ့ကြပါတယ်။

ဒီဦးနှောက် အကန့်နှစ်နေရာဟာ တစ်နေရာနဲ့ တစ်နေရာ အဆက်အသွယ်ပြုကြပါတယ်။ အဲဒီတစ်ခုနဲ့တစ်ခု ဆက်နွယ်နေမှု ပြင်းထန်အားက ဘယ်သူ နာရှည်ဝေဒနာရှင်ဖြစ်မယ်ကို သတ်မှတ်ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြတယ်။

ဆေးလိပ်သောက်သူတွေရဲ့ ဦးနှောက်မှာ အဲဒီဆက်နွယ်မှုဟာ အလွန်အားကောင်းပြီး နိုးကြားမှုရှိလှပါတယ်။

သို့ပေမဲ့ ဆေးလိပ်ဖြတ်လိုက်တဲ့အချိန်မှာ ရေရှည်ထိခိုက်နာကျင်စေမှုလည်း လျော့ကျသွားတယ်လို့ Petre က ထပ်ပြောပါတယ်။

စိတ်ငြိမ်ဆေးလိုဆေးဝါးတွေမှာ နာကျင်မှုကို အမှန်တကယ် သက်သာစေပေမဲ့ ဦးနှောက်ရဲ့ အလုပ်လုပ်မှုကိုတော့ ပြောင်းလဲမပေးပါဘူး။

ဆေးလိပ်သောက်သူတွေအနေနဲ့ ခါးနာဝေဒနာနဲ့ ကင်းဝေချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ခြင်းသည်သာ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တယ်လို့ သုတေသီများက နောက်ဆုံးစကားဆိုခဲ့ကြပါတယ်။

Credit : Trend Myanmar

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation