Home » » ၀က်ခြံ ထွက်ခြင်း....

ဝက်ခြံ ထွက်ခြင်း....

Written By Unknown on Thursday, December 11, 2014 | December 11, 2014


၁။ မသန့်ရှင်းသော လက်ကိုင်ဖုန်း ကို အသုံးပြုခြင်း။
သင်ဖုန်းခေါ်ဆိုတဲ့ အခါတိုင်း ဖုန်းနဲ့ မျက်နှာပေါ်က ချွေး၊ အဆီတွေနဲ့ ထိမိနေတယ် ဆိုတာ သတိ ပြုမိပါရဲ့လား။ သင့်လက်ကိုင်ဖုန်းကို မသန့်ရှင်းဘူး ဆိုရင် ကြာလာတဲ့အခါ ဘတ်တီးရီးယားတွေကို ပေါက်ဖွား စေပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့ လက်ကိုင်ဖုန်းနဲ့ ပါးကို ထိကပ်ပြီး ဖုန်းပြောဆိုတဲ့ အခါ မျက်နှာမှာ ၀က်ခြံ ပိုထွက်လာ ပါလိမ့်မယ်။
၂။ ဆံစပ်နား အရင်းအထိ ဆံသား အလှကုန်ပစ္စည်းများကို အသုံးပြုခြင်း
ခေါင်းလိမ်းဆီ လိမ်းတဲ့ အခါပဲ ဖြစ်ဖြစ်၊ ဂျယ်လိမ်းတာပဲ ဖြစ်ဖြစ်၊ ကောက်ဆေး၊ ဖြောင့်ဆေး လိမ်းတာပဲ ဖြစ်ဖြစ် နဖူးဆံစပ် နားရောက်အောင် မလိမ်းပါနဲ့။ ဒီလိုမှ မဟုတ်လျှင် နဖူးဆံစပ် နားတ၀ိုက်မှာ ၀က်ခြံတွေ တန်းစီပြီး ထွက်လာ ပါလိမ့်မယ်။
၃။ ခဏလေးနှင့် လက်လျှော့ခြင်း။
သင်မနေ့က မျက်နှာ ၀က်ခြံ ကုသမှု လုပ်ခဲ့လို့ ဒီနေ့ချက်ချင်း ပျောက်ကင်း သွားမယ်လို့ ထင်လျှင် မှားသွားပါလိမ့်မယ်။ ၀က်ခြံ ကုသတာဟာ ပျောက်ကင်းဖို့ နှစ်ပတ်ကနေ လေးပတ်ထိ စောင့်ရပါတယ်၊ တစ်ရက်တည်းနဲ့ မပျောက် ကင်းနိုင်ပါ။ ဒါကြောင့် ၀က်ခြံကို စိတ်ရှည်ရှည်ထားပြီး ကုသပါ။
၎။ မျက်နှာ အလွန်အကျွံ သစ်ခြင်း။
မျက်နှာ ညစ်ပတ်တိုင်း မျက်နှာသစ် နေမယ်ဆိုရင် ဒါဟာ မှားယွင်းတဲ့ နည်းလမ်းပါပဲ။ ထိုကဲ့သို့ အချိန်တိုင်း မျက်နှာ သစ်တာက အဆီပိုထွက်စေပြီး ၀က်ခြံကို အားပေးပါတယ်။ တစ်နေ့ကို နှစ်ကြိမ်လောက်သာ မျက်နှာသစ်ပါ။

၅။ မျက်နှာသစ် ပုံမှားယွင်းခြင်း။
မျက်နှာကို သဲ၊ သကြားတို့ နဲ့ ပြုလုပ်ထားတဲ့ ဂျီးချွတ်ဆေး၊ ကြမ်းတမ်းတဲ့ ၀ါဂွမ်းစတွေနဲ့ နေ့တိုင်း ဂျီးမချွတ်ပါနဲ့။ မျက်နှာ အရေပြား ပျက်စီးစေပါတယ်။ ဒါကြောင့် တစ်ပတ်ကို အလွန်ဆုံး နှစ်ကြိမ်လောက်သာ မျက်နှာဂျီးချွတ်ပါ။ ဒါ့ အပြင် သန့်ရှင်းသော မျက်နှာသုတ် ပ၀ါကိုသာ အသုံးပြုပါ။
၆။ မျက်နှာလိမ်း ခရင်မ် အများအပြား သုံးခြင်း။
မျက်နှာလိမ်း ခရင်မ်များများ လိမ်းလေ ပိုကောင်းလေလို့ သင်ထင်ပါသလား။ ကျွမ်းကျင် ပညာရှင်တွေ ကတော့ တစ်ခါလိမ်းရင်ပဲ စေ့တစ်စေ့ ပမာဏလောက်ပဲ လိမ်းပေးပါလို့ ဆိုပါတယ်။
၇။ ၀က်ခြံများကို လက်နှင့်ညှစ်ခြင်း။
ဝက်ခြံတွေကို လက်နှင့် ညှစ်တာဟာ မျက်နှာ အတွင်းပိုင်း အလွှာကို ပိုပျက်စီး စေပါတယ်။ မျက်နှာမှာ အမာရွတ်လည်း ကျန်စေပါတယ်။
၈။ အချိုနှင့် အဆီများသော အစာများ စားခြင်း။
အာလူးကြော်၊ ကွတ်ကီးမုန့်၊ ဟမ်ဘာဂါ၊ ကိတ်မုန့်နဲ့ ချောကလက်စတဲ့ အချို၊အဆီများတဲ့ အစာတွေက ၀က်ခြံ ထွက်စေပါတယ်။ အဲဒီ အစာတွေကို လျှော့စားနိုင်လေ ကောင်းလေပါပဲ။
Credit: The Messenger

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation