Home » , » နံနက် စောစောထခြင်း အလေ့အကျင့် လုပ်ရန်လို

နံနက် စောစောထခြင်း အလေ့အကျင့် လုပ်ရန်လို

Written By Unknown on Tuesday, December 9, 2014 | December 09, 2014


Image and video hosting by TinyPic
အိပ်ရာမှ စောစောမထနိုင်ခြင်း၏ အကြီးမားဆုံး အတားအဆီးမှာ အိပ်ရေးမ၀ခြင်းဖြစ်နိုင်ပါသည်။ လူမှုကွန်ရက် ၀က်ဘ်ဆိုက်များတွင် ၀င်ရောက်ကြည့်ရှုနေပြီး သင့်အနေဖြင့် ညဥ့်နက်သန်းခေါင်အထိ နေသင့်ပါသလား။ ဒါမှမဟုတ် အဓိပ္ပာယ်မဲ့ ရုပ်သံဇာတ်လမ်းတွေ ကြည့်နေသင့်ပါသဘား။ ယင်းတို့မှာ အမှန်တကယ်တွင် မည် သို့မျှ အကျိုးမထူး၊ အနှစ်သာရရှိသော အလုပ်မဟုတ်ပေ။

အချိန်မှန်မှန်အိပ်စက်ပါ။ ခန္ဓာကိုယ်က ပုံမှန်အချိန်ဇယားကို နှစ်သက်ပါသည်။ သတ်သတ်မှတ်မှတ်အချိန်တစ်ခုတွင် ဆာလောင်မှုဖြစ်ခြင်းမှာ အကြောင်းရှိသည်။ အိပ်ချိန်နှင့် ပတ်သက်၍လည်း ထိုနည်းတူပင်ဖြစ်သည်။ ပုံမှန်အိပ်စက်ခြင်းဖြင့် အိပ်ရာမှ စောစောနိုးထနိုင်သည်။
ကဖိန်းဓာတ်ကို လျှော့ချလိုက်ပါ။ ကဖိန်းဓာတ် လျှော့ချခြင်းဖြင့် ညဘက်ဇီးကွက်ဖြစ်မနေတော့ပါ။ ကဖိန်းသောက်သုံးမှုကို လျှော့ချလိုက်ခြင်းဖြင့် မိမိ၏ အိပ်စက်မှုပုံစံ ပြောင်းလဲနိုင်ပုံကို သတိပြုကြည့်နိုင်သည်။
လှုံ့ဆော်မှု တစ်ရပ်ထားပါ။ အိပ်ရာမှ စောစောထခြင်းမှာ အစ ပိုင်းတွင် လှုံ့ဆော်မှုတစ်ရပ်ဖြစ်ပါသည်။ အကြောင်းပြချက်ကောင်း တစ်ခုရှာထားပါ။ မိမိလုပ်နေကျအလုပ်လို မပျက်လုပ်ပါက အိပ်ရာစောစောထရန် မပျင်းတော့ပေ။ လေ့ကျင့်ခန်းလုပ်ရန် အိပ်ရာစောစောထခြင်းမှာ ကြီးမားသော လှုံ့ဆော်မှုဖြစ်ပါသည်။
နံနက်စောစောလေ့ကျင့်ခန်းလုပ်ခြင်းမှာ သင့်ကို အားအင်ပြည့်ဖြိုး စေပါသည်။ ယင်းအတွက် တစ်နေ့တာ၏ အစကို နံနက်စောစောမှာပင် အင်ပြည့်အားပြည့်ဖြင့် စတင်လိုက်ပါ။
—Ref: TOI

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation