Home » , » အဝလွန်မှုဖြစ်စေနိုင်တဲ့ စိတ်ဖိစီးခံရသူတွေ လုပ်မိတတ်တဲ့ အမှားများ (အပိုင်း-၁)

အဝလွန်မှုဖြစ်စေနိုင်တဲ့ စိတ်ဖိစီးခံရသူတွေ လုပ်မိတတ်တဲ့ အမှားများ (အပိုင်း-၁)

Written By Unknown on Thursday, December 4, 2014 | December 04, 2014

 
Image and video hosting by TinyPic
နှလုံးခုန်မြန်ခြင်း၊ ဗိုက်အောင့်ခြင်း နဲ့ ချွေးထွက်လွန်ခြင်းတွေဟာ သိပ်ပြီး ဆိုးဝါးတဲ့ အခြေအနေ မဟုတ်ပေမဲ့ စိတ်ဖိစီးမှုကြောင့်တော့ အံ့သြစရာကောင်းအောင် အလေးချိန်တက်စေနိုင်ပါတယ်။ ဒီတော့ သင်ဘာပဲလုပ်လုပ် အလေးချိန်တက်စေတဲ့ ဒီလုပ်ဆောင်ချက်အမှားတွေကို ရှောင်ကြဉ်ပါ။
စိုးရိမ်ပူပန်ခြင်း
စိတ်ညစ်စရာအကြောင်း တစ်စုံတစ်ရာ စဉ်းစားပါက (hunger hormone) လို့ခေါ်တဲ့ ghrelin ပမာဏ များပြားလာမှုကြောင့် အစာပိုစားမြိန်ပါတယ်။ ဖြစ်ခဲ့တဲ့ အကြောင်းအရာ သို့မဟုတ် ရှေ့မှာဖြစ်လာမယ့်အရာကို စိုးရိမ်နေရမယ့်အစား လက်ရှိလုပ်နေတဲ့အရာကိုသာ အာရုံစူးစိုက်ပါ။
အစာစားဖို့မိနေခြင်း

လုပ်စရာ တစ်ပုံကြီးရှိနေရင် အစာစားဖို့ အချိန်မရှိဘူးလို့ ကျွန်ုပ်အားလုံး တွေးထင်တတ်ကြတယ်။ ဒါပေမဲ့ အစာတစ်နပ်စားဖို့ မေ့သွားခြင်းဟာ အစာချေဖျက်မှုနှေးကွေးစေသလို နောက်ပိုင်းမှာတော့ ခံနိုင်ရည်အားလည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ ပိုပြီးဆိုးဝါးစေတာက သိကြားအချိုဓာတ်လျော့နည်းတဲ့ သွေးပမာဏကြောင့် အလုပ်လုပ်ရာမှာ ပိုပြီးခက်ခဲသလိုဖြစ်စေပြီး စိတ်ဖိစီးမှုလည်း ပိုများလာပါလိမ့်မယ်။
စိတ်ပါလက်ပါနဲ့ အစာစားခြင်း
တနေကုန် ဘာမှ မစားရသေးဘူးလို့ သတိရတဲ့အချိန်မှာ ပီဇာအတုံးကြီးကြီးတစ်ခုကို တစ်ချိန်တည်း စားလိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သွားရေစာ၊ နေ့လည်စာ နဲ့ ညနေစာအတွက် ထမင်းကြော်စားလိုက်တာပဲဖြစ်စေ စိတ်ပါလက်ပါနဲ့ အစာစားတာဟာ စိတ်လှုပ်ရှားမှုပိုဖြစ်စေပါတယ်။
အိပ်ချိန် အနည်းငယ်သာယူခြင်း
နောက်တစ်နေ့ စိတ်ဖိစီးမှုပြဿနာကင်းရှင်းစေဖို့ အိပ်ချိန် အလုံအလောက် လိုအပ်တဲ့အပြင် အိပ်စက်ခြင်းဟာ အစားချေဖျက်မှုလုပ်ငန်းကိုလည်း ကောင်းမွန်စွာဆောင်ရွက်စေတာကြောင့် ခန္ဓာကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာ အဆီဓာတ်တွေ အလွန်အကျွံဖြစ်ပေါ်ခြင်းကလေည်း ကာကွယ်ပေးပါတယ်။
Credit: Trend Myanmar

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation