Home » » ဆံပင်ကို အရှည်မြန်အောင် ဘယ်လိုလုပ်ကြမလဲ

ဆံပင်ကို အရှည်မြန်အောင် ဘယ်လိုလုပ်ကြမလဲ

Written By Unknown on Thursday, December 4, 2014 | December 04, 2014

Image and video hosting by TinyPic ကျွန်မတို့အားလုံးဟာ ဆံပင်မြန်မြန်ရှည်ဖို့ ဘယ်လိုနည်းလမ်းလေးတွေ ရှိမလဲဆိုပြီး အမြဲတမ်းစူးစမ်းလေ့ရှိပါတယ်။ သူငယ်ချင်းတွေကိုလည်း ဆံပင်မြန်မြန်ရှည်အောင် ဘာလုပ်ရကောင်းမလဲဆိုပြီး မေးမြန်းတတ်ကြပါတယ်။ ဆံပင်အရှည်မြန်မယ့် နည်းလမ်းလေးတွေကို ပြောဆိုကြတာကလည်း တစ်ယောက်တစ်မျိုးပါပဲ။ တစ်ပတ်ကို ခေါင်းဘယ်နှစ်ခါလျှော်ရင် ဆံပင်ရှည်မြန်တယ်၊ ခေါင်ေးလျှာ်တဲ့အခါ ဘာတွေလုပ်ရင် ဆံပင်ရှည်မြန်တယ်၊ မလျှော်ခင် ဘာတွေလိမ်းရမယ် စသဖြင့် ပြောကြဆိုကြတာတော့ အများကြီးပါပဲ။ အဖြေရော တွေ့ရှိကြပြီလား။ မတွေ့သေးဘူဆိုတာ သေချာရင်တော့ အဲ့ဒီအကြောင်းလေး ပြောပြပေးချင်ပါတယ်။
တကယ်တော့ ဆံပင်ရှည်မြန်အောင်လုပ်လို့မရပါဘူး။ ဒီအကြောင်းကို အလှအပဆိုင်ရာသုတေသီတွေက ပြောကြားခဲ့ပြီးဖြစ်သလို လက်ခံရမယ့်အချက်တစ်ချက်လည်းဖြစ်ပါတယ်။ ဆံပင်ကိုအရှည်မြန်အောင် လုပ်လို့မရပေမယ့် ဆံပင်သားကောင်းအောင်၊ ဆံပင်သားကျန်းမာအောင် စသဖြင့် ကိုယ့်ရဲ့ဆံပင်ကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ပုံသွင်းပြုစုနိုင်တာကတော့ သေချာပါတယ်။

ဆံပင်သားတွေကျန်းမာလာတဲ့အခါ ဆံပင်ရှည်မြန်တာမမြန်တာထက် ရှည်ထွက်လာတဲ့ ဆံပင်သားကလည်း ကျန်းမာနေပါလိမ့်မယ်။ ဒီလိုကျန်းမာတဲ့ ဆံပင်မျိုးကို လိုချင်တယ်ဆို၇င်တော့ ဆံပင်သားရဲ့အတွင်း၊ အပြင် နှစ်ခုစလုံးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ဆံပင်သားကို အတွင်းပိုင်းကနေ ဂရုစိုက်တယ်ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းပိုင်းကနေ ဆံပင်သားကို ရောက်ရှိသွားမယ့် ဗီတာမင်တွေ၊ အခြားသော ဓာတ်တွေကို ဂရုစိုက်ပေးရတာမျိုးပါ။ ဆံပင်သားကောင်းမွန်စေဖို့ ပရိုတင်းဓာတ်၊ အက်ဆစ်ဓာတ်၊ ဗီတာမင်ဘီ ပြည့်ဝစွာရရှိနေဖို့ လိုပါတယ်။ အပြင်ဘက်က ဂရုစိုက်ပေးခြင်းဆိုတာကတော့ ဆံပင်ကို ရှန်ပူနဲ့လျှော်ပြီးတာနဲ့ ပျော့ဆေးသုံးပေးတာ၊ ပုံမှန်ပေါင်းတင်ပေးတာမျိုးတွေပါ။ ဆံနွယ်အားတိုးအဆီတွေလိမ်းပေးတာကလည်း ကောင်းတာပါပဲ။
နောက်တစ်ချက်ကတော့ ဆံပင်ကို ဓာတုဗေဒပစ္စည်းတွေ ထိတွေ့လွန်ကဲခြင်း၊ နေရာင်ခြည်ဒဏ်ကို ကြာရှည်ခံရတာမျိုးတွေ မဖြစ်အောင်လည်း ဂရုစိုက်ရမှာပါ။
ဆံပင်အရှည်မြန်စေဖို့ အဖျားတိပေးရတယ်ဆိုတာမျိုးဟာလည်း မှားယွင်းတဲ့အယူအဆပါပဲ။ အဖျားတိပေးခြင်းအားဖြင့် မကျန်းမာတဲ့ ဆံပင်အနားတွေ မရှိတော့တာကြောင့် ဆံပင်သားပိုမိုကျန်းမာလာစေနိုင်တာလောက်ပဲရှိပါတယ်။ ဒါ့ကြောင့်မို့ ဆံပင်သား အရှည်မြန်စေဖို့လုပ်လို့မရနိုင်ပေမယ့် ဆံပင်သားကျန်းမာအောင် ဂရုစိုက်သွားမယ်ဆိုရင်တော့ လှပတဲ့ ဆံပင်ကို အမြန်ဆုံးရရှိလာမှာ သေချာပါတယ်။
Credit : Trend Myanmar

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation