Home » » (ရင်ခွင်ရိုင်း)

(ရင်ခွင်ရိုင်း)

Written By Unknown on Thursday, December 4, 2014 | December 04, 2014


(ရင်ခွင်ရိုင်း)
ရင်ခွင်ကအရိုင်းဆန်နေတော့
ရင်ခုန်သံခပ်ဆန်းဆန်းကို
နားလည်ဖို့ ကြိုးစားရင်း
ခပ်တန်းတန်းနေခဲ့ဘူးတဲ့
လောကကြီးကိုတောင်
ကဗျာ တပုဒ်လုပ်လိုက်ချင်တယ်..။

တခါတခါ........
နှေးကွေးလှတဲ့
စက္ကန့် တွေကိုတောင်မုန်းမိချင်တယ်...။
ခပ်လေးလေးသွားနေတဲ့
သူ့ တို့ ရဲ့ ရွှေလျားမှုတိုင်းမှာ
အသက်ရှုသံတွေကို
ရင်နှီးထားရလို့ ပေါ့။

ဒါပေမယ့် .........
ကိုယ်ဘာမှမမက်မောပါဘူးကွယ်
မနက်ဖြန်ရဲ့ နေ့သစ်တိုင်းမှာ
အပြစ်ကင်းစင်တဲ့
ချစ်သူရဲ့ ရင်ခုန်သံကိုသာ
နားထောင်ချင်မိတော့ တယ်...။
http://yetayzakyaw1500.blogspot.com/
ြ့ါ့ါမတ်ရိုင်း......
(ကာရံငယ်)

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation