ကျွန်တော့် အဖေဟာ ကုမ္ပဏီ ကိစ္စ တွေ
ကြောင့် နယ်မြို့ လေးတစ် မြို့ ကို ပြောင်းရွှေ့ နေထိုင်ခဲ့ရပါတယ် အဖေ နဲ့
သူ တပည့်တွေဟာ ကုမ္ပဏီက ပေးထားတဲ့ အိမ်အသစ်လေးမှာ နေထိုင်ရင်း ကုမ္ပဏီ အတွက်
အလုပ်များကို အဲ့ ဒီမြို့ လေးမှာ လုပ်ကြရပါတယ် ကျန်တဲ့ ကျွန်တော်တို့
မိသားစုကတော့ မန္တလေးမြို့ မှာ နေထိုင်ကျန်ရစ်ခဲ့ ကြ ပါတယ်
နောက်ပိုင်းကျတော့ အမေက အသက် အရွယ်ကြီးရင့် နေပြီဖြစ်တဲ့ အဖေ့ ကျန်းမာရေး
အတွက် ကျွန် တော့်ကို အဖေတို့ နေထိုင်ရာ မြို့ လေးသို့ လွှတ်ကာ အဖေ နဲ့ အတူ
သွားရောက်နေထိုင်ခိုင်းခဲ့ပါတယ် စာ ဖတ် ပရိတ်သတ်ကြီး သိ တဲ့ အတိုင်း
ကျွန်တော်စာရေးသူဟာ အလုပ်လက်မဲ့ ဖြစ်ပါတယ် ဒါကြောင့် အဖေထံသို့ လွယ် လွယ်
ကူကူ သွားရောက်နေထိုင်ခဲ့ပါတယ် အစောထဲက အဖေနဲ့ လိုက်ပါနေ ထိုင်ခဲ့ ချင်း
မရှိ တာက အဖေနဲ့ ကျွန်တော်က သိပ်ဓာတ်မတည့်လို့ပါ မတည့် အတူနေမို့လို့ပါ
ကျွန်တော်က ခေါင်းမာ ဇွတ်တ ရွတ် အရွဲ့ တိုက် စိတ်ကြီးသလောက် အဖေကလည်း
ခေသူမဟုတ်ပါ အထေ့ အငေါ့ အရိ ဗျစ်တောက် ဗျစ် တောက် ပစိပစပ် ပြောတဲ့ နေရာမှာ
အဖေဟာ ဆရာတစ်ဆူပါ ကျွန်တော် ရေးတဲ့ စာတွေကို ပုံမှန်ဖတ်နေ ကြ
စာဖတ်ပရိတ်သတ်တွေဆိုရင် ကျွန်တော့် အကြောင်း ကောင်းကောင်းသိမှာပါ
အဖေ့အကြောင်းသိချင်ရင် သား ကိုကြည့် ဆိုတဲ့ စကား လည်းရှိတယ်လေ…
နယ်မြို့ လေးက အဖေ့ အိမ်ကို ကျွန်တော်
ရောက်ခဲ့ ရပါတယ် အိမ်ဝန်း အကျယ်ဟာ ပေ ၈၀ ပတ်လည် ရှိ ပါ တယ် ခြံထဲမှာ ဘာ
သစ်ပင် မှ မရှိပါ မြက်ရိုင်းများ သာ ထူထပ်စွာ ပေါက်ရောက်နေပါတယ် အဖေ လည်း
ရောက် ခါစမို့ အိမ်သစ်တတ်ဖို့ မလုပ်ရသေးပါ မိသားစုလည်း ပါမလာတာမို့
အိမ်သစ်တတ်ဖို့ နည်းနည်း နောက်ကျ နေ တာပါ ဘာပဲ ပြောပြော အိမ် နဲ့ ခြံဝန်း
ဟာ ဖြစ်လာတာ မကြာ သေးတာမို့ အိမ်သစ်တတ် အမျှ ဝေဖို့ လို နေတာက တော့
အသေအချာပါ
ရောက်ခါစ ကတော့ ဘာမှ မသိသာပါဘူး
ဘာမှလည်း ခြောက်မယ် ပြုမယ်လို့ ကြို မတွေးခဲ့ ဖူးပါဘူး အဖေရုံး သွားနေတဲ့
အချိန် ကျွန်တော့် ပါ ကျွန်တော် တစ်ယောက်ထဲ ကျန်ခဲ့လည်း ဂိမ်းဆော့
အင်တာနက်သုံး စာဖတ် ရုပ်ရှင် ကြည့် နဲ့ အဆင်ကို ပြေနေခဲ့ တာပါပဲ
နောက်ပိုင်းကျတော့ အိမ်ထဲမှာ တစ်စုံတစ်ယောက် လှည့် ပတ် နေ သလို
ခံစားလာရပါတယ် ကိုယ့်စိတ်ကို ကိုယ် ပြန်အားတင်းရင် တစ်ယောက်ထဲ နေလို့
ဖြစ်တာနေမှာပါ ဟု တွေး ရပါတယ် မသိစိတ်က ခြောက်ခြားနေလို့ နေမှာပါ လို့
လည်း တွေးရပါတယ် နောက်ပိုင်း ကျတော့ အိမ် ထဲ မှာ တစ်စုံ တစ်ယောက် လှည့်
ပတ်နေတဲ့ ပုံမျိုးဟာ ပိုမို သိသာစွာ ခံစားလာရပါတယ် ဒါနဲ့ ဘာသာရေး ကိုင်း
ရှိုင်း တဲ့ သူငယ်ချင်း တစ်ယောက်ကို လှမ်း အကူအညီ တောင်းရပါတယ် သူငယ်ချင်းက
ပဠာန်းခွေ များများ နဲ့ ကျယ်ကျယ် ဖွင့် ပေးဖို့ ပြောပါတယ် ကျွန်တော်ကလည်း
အရင်ထဲက ပုံမှန် ဖွင့် ကြောင့် ပဠာန်းခွေ ဖွင့် ရင် ပို သိ သာလာတတ်ကြောင်း
ပဠာန်းခွေ ဖွင့်တာကို မကြိုက်လို များ ဖြစ်တာလား မသိဟု သူငယ်ချင်း ကို
စောဒက တတ်မိပါတယ် သူငယ်ချင်းက ပဠာန်းတန်ခိုးက ကြီးမား ကြောင်း ပဠာန်းကို
မကြိုက်ရင် နတ်ဆိုး သရဲ ဆိုး ဘီ လူးဆိုး များသာဖြစ်မှာ ဖြစ်ပြီး ပဠာန်းကို
ကြိုက် ရင် နတ်ကောင်းနတ်မြတ် များဖြစ်မှာ ဖြစ်ကြောင်း သရဲ ဆိုပါ ကလည်း
ကိုယ် ဖွင့်တဲ့ ပဠာန်းကို နားထောင်ရပြီး သူ့ တို့ လို သရဲတွေ အစောင့် တွေ
အတွက် အကျိုးများ မှာ ဖြစ်ကြောင်း ထပ်မံ လမ်းညွှန်ပါတယ် ဖွင့် ဖြစ်အောင်
ဖွင့်ရန်လည်း ထပ်မံ တိုက်တွန်းပါတယ်…
ဒါနဲ့ ကျွန်တော်က လည်း စိတ်ပေါက်ပေါက်
နဲ့ “ ဆောက်ရေးမပါတဲ့ သရဲ တွေ ဆောက်ဇယားလာရှုပ်နေတယ်” ဆိုပြီး ပဠာန်း မဖွင့်
ခင် ပေါက်ကွဲပစ်လိုက်ပါတယ် ကျွန်တော်က လည်း တော်တော် ရယ်ရတဲ့ သူပါ ပဠာန်း
တို့ မေတ္တာသုတ် တို့ ဖွင့်မယ်ဟာ ကို ရိုးရိုးလေး ဖွင့်စရာ ရှိတာကို
မြန်မြန် မဖွင့်ပဲ လျှာကြော ရှည်လိုက်မိပါတယ် ကျွန်တော့် စကားလည်းဆုံရော
လေလုံးဝ မတိုက်ပဲ အိမ်အတွင်းခန်း တံခါးဟာ ၀ုန်းက နဲ့ ပိတ်ပါလေရောဗျာ လူ
တစ်ယောက်က ဒေါသထွက်လို့ ပိတ်တဲ့ ပုံမျိုးပါ တံခါးက သေသေချာချာ လူတစ်ယောက်
ပိတ်လိုက် သ လို ပိတ် သွားတာပါ ဒါနဲ့ ကျွန်တော်လည်း တံခါးကို
သွားကိုင်ကြည့်ပြီး “ ဟိုက်ရှ့် တစ်ကယ် ကိုင်သဟ တစ်ကယ် ကြမ်းတယ်ဟလို့
တွေးပြီး “ လန့်သွားပါတယ် ဟုတ်တယ်လေ ကျွန်တော် ဆဲလိုက်တဲ့ အချိန်နဲ့
အံကိုက် ဖြစ် တာရယ် လူတစ်ယောက် ပိတ်သလို ပိတ်သွားတာရယ် တစ်ခါမှာ ဒီလို
တံခါးက လုံးဝမဖြစ်ဖူးတာရယ် ကြောင့် ပါ ကျွန်တော်လည်း ကျွစ် သွားတာနဲ့ ဟို
ယောင်ယောင် ဒီယောင်ယောင်နဲ့ အိမ်ရှေ့ ထွက် ထိုင်နေတော့ တာ ပေါ့ ကျွန်တော်က
လူလူချင်းသာ ရဲတာ မကြောက်တတ်တာ ကိုယ်မမြင်နိုင်တဲ့ သရဲ တို့ ဘာတို့ ကျတော့
ကြောက်တာပေါ့ မေတ္တာ ပြန်ထားရအောင်လည်း မေတ္တာသုတ်ဖွင့်ရအောင် လည်း
ကိုယ့်ဖက်ကစပြီး လျှာရှည် ကာဆဲလိုက်မိပြီလေ အခုချိန်ကျမှ
မေတ္တာထားမယ်ဆိုရင်လည်း မေတ္တာထားတာ အင်ကြီးဖြစ်နေမှာပေါ့ ကျွန် တော့်လို
ဒေါသကုမ္မာရ ကထားတဲ့ မေတ္တာကလည်း ဘယ်လာစွမ်းမှာလည်းဗျာ အဖေ့ကို ဖုန်းဆက်ပြော
ပေါ့ အဖေ ရုံးက ပြန်လာတော့ ပြောပြပေါ့ သရဲ ကားတွေ ထဲ ကအတိုင်း
အခြောက်ခံရတဲ့ သူကအခြောက်ခံရ ပါတယ် ပြောတာကို အဖေက မယုံဖူးပေါ့ဗျာ
လူကြီးတွေက ပြောရဆို ရခက်ပါတယ်လေ…
နောက်ဇယား တစ်ခုက အိမ်က ကားလေးမှာ
အစင်းတွေ အလိုလိုပေါ်လာတာပါပဲ ကားပေါ်မှာ အစင်းတွေ အလိုလို ပေါ်လာတယ် ပထမက
လူလုပ်တယ် ထင်လို့ ကျွန်တော် ဒေါတွေ ကီးလိုက်တာဗျာ နောက်တစ်ခု ထပ်
စဉ်းစားသေးတယ် ဈေးတွေ ဘာတွေ သွားတဲ့ အခါ ကားကို Parking ထိုးထားတုန်း
တစ်ယောက်ယောက် များ လက်ကမြင်းသွားသလားပေါ့ တစ်ခြား ကားတွေ လည်းရှိနေတာပဲ
ကိုယ့်ကားကိုမှ ရွေးလုပ်စရာမရှိပါဘူး ပြီး တော့ ဒါမျိုး စိတ်ဓာတ်တွေက
လူတိုင်းမရှိပါဘူး ရှိလည်း မရှိတော့ပါဘူး ရှိလည်း တော်တော်ရှားမှာပါ ခက် တာ
က အစင်းတွေ ပေါ်တာဟာ နေ့စဉ်ရက် ဆက်ဖြစ်လာတာပါ မနက်မိုးလင်းတာနဲ့ အစင်းတွေက
တိုးလာ ပါ ပြီ ညဖက်မှာ သေချာ စစ်ဆေးမှတ်သားပြီး အိပ် မနက်မိုးလင်းတာနဲ့
အစင်းတွေက သိသာ ထင်ရှားစွာ တိုး လာတတ် ပါတယ် အိမ်က အဖေ့ တပည့် နှစ်ယောက်ကို
သိပ်မသင်္ကာတာ နဲ့ သူတို့ အိမ်မှာ ပြန်နေခိုင်းလိုက် ပါတယ် ကျွန်တော် အဖေ
နားမှာ ကျွန်တော် ရှိနေမှတော့ အဆင်ပြေနေပြီပဲလေ… သားအဖ နှစ်ယောက်ထဲ လည်း
အဆင်ပြေပြေနေလို့ရနေတာပါပဲ ကျွန်တော် မလာခင်ကသာ အဖေတစ်ယောက်ထဲဖြစ်နေလို့
သူ့တပည့် တွေကို အဖေက ခေါ်နေတာပါ အဲ နောက်တစ်ခုရှိသေးတယ် အစင်းတွေ
ပေါ်လာရုံတင်မကဖူး ပျားတွေ ကား အမိုးပေါ် လာပြီး ၉ ကောင် ၁၀ ကောင်လောက်
လာသေနေတာလည်း ရှိသေးတယ် insect killer မဖြန်းပဲနဲ့ ပျားတွေ သေစရာနေရာ
ရှားလို့ ကားခေါင်မိုး ပေါ် တတ်ပြီး သေနေတာကို လုံးဝ နားမလည်နိုင်တော့ပါ
အဲ့မှာ ထဲက တစ်ခုခု လွဲနေပြီဆို တာ သိလိုက်ပါတယ်
အဖေ့ကို လည်း အိမ်သစ်တတ်ဖို့
ပြောလိုက်ပါတယ် ကျွန်တော့် သူငယ်ချင်းကလည်း ကမ္မ၀ါဖတ်ဖို့ လုပ် သင့်
ကြောင်းပြောပါတယ် DVD ပဠာန်းတို့ မေတ္တာသုတ်တို့ ဟာ သက်ရှိရဟန်းတွေ ရွတ်တာ
လောက် မကောင်းပါ လို့ အင်တာနက်ပေါ်က အသိ ဆရာတော်ကြီးတွေ တော်တော် များများက
ပြောကြပါတယ် ဒါကတော့ ဗဟု သု တ တစ်ခုပေါ့
အဖေက အမေတို့လာလည်မှ ပဲ
အိမ်သစ်တတ်မယ်ပြောပါတယ် ဒါနဲ့ တောင်ကြီးက ဆရာတော် တစ်ပါးထံမှာ
ဆေးဖယောင်းတိုင်တို့ အမွှေးတိုင်တို့ ဆားမန်းတို့ ကို အကျိုး
အကြောင်းပြောပြီး လှမ်းမှာပါတယ် ထွန်းစရာရှိ ထွန်း ပါတယ် နည်းနည်းတော့
ငြိမ်သွားပါတယ် နောက်တော့ အမေတို့ လိုက်လာလည်တယ် အိမ်သစ်တတ် အတွက်
ထမင်းချက်ရင်း ဆားမန်းထုပ် လည်း ဟင်းချက်တဲ့ အထဲ ပါသွားပါတယ်
ကျွန်တော်ထားတဲ့ နေရာ လို သွားတာလည်း ပါမှာပါ လာလည်တဲ့ အမေတို့ အဖွဲ့ထဲက
အမျိုးသမီး နှစ်ယောက် အခြောက်ခံရတယ် ဒီ နေရာ မှာ အိပ်တာ မကြိုက်ဖူးတို့
ဘာတို့ပေါ့ ကျွန်တော်လည်း အမေတို့ စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့
ဒီလိုကိစ္စ တွေ ဒီအိမ်မှာဖြစ်နေတာကို ကြိုမပြောခဲ့ဖူးပါဘူး အိမ်သစ်တတ်တယ်
သရဲတွေကို သနားလို့ ဆရာတော်တွေကို ကမ္မ၀ါ မရွတ်ခိုင်းခဲ့ပါဘူး ဘုရား
အနေကဇာတင် ပရိတ်ရွတ် အမျှဝေ တာပဲ လုပ်ခဲ့ပါတယ်
အမေတို့ ပြန်ပြီး မကြာခင်မှာပဲ
ကျွန်တော့် ဆရာ တစ်ယောက် အိမ်လာလည်ပါတယ် လမ်းကြုံလို့ လာလည် တာပါ ပုတီးစိပ်
တရားထိုင်တာပဲ လုပ်တဲ့ ဆရာပါ သူ့ လိုင်းက သန့်ပါတယ် တော်တော် အေးပါတယ်
အကြား အမြင်ကို ရုပ်ပုံ နဲ့ ဖော်ပြောနိုင်တဲ့ အထိ မြင်ပါတယ် အနာဂတ်ကိုလည်း
ဟော ပြောပြနိုင်ပါတယ် တစ်ခြား အ ကြား အမြင်ဆရာတွေလို အတိတ်က ဟာတွေ
ကိုယ်သိပြီးသား ကိုယ့် အကြောင်း ကိုယ့်အကျင့်တွေကို ပြော တာမျိုးမဟုတ်ပါဘူး
သရဲတွေ ပုဂ္ဂိုလ် လိုင်းတွေ နဲ့ မြင်တဲ့ ကြားတဲ့ အကြားအမြင်ဟာ ကိုယ့်
အတွက် အကျိုး မရှိတဲ့ ဟော ကွက်တွေပဲ ထွက်ပါတယ် ကိုယ့် အကျင့်
ကိုယ်သိပြီးသားကို သူတို့က ထပ်ဟောလို့ ဘာမှ အကျိုး မရှိပါဘူး ပိုက်ဆံလည်း
ပေးရသေး ကိုယ်အိမ်မှာ ငါးဟင်းစားခဲ့တာကို လာဟောရင် ဟောနေတတ်တဲ့ ဆရာ
မျိုးတွေပါ ကိုယ်က အနာဂတ်သိချင်လို့ သွားမေးကာမှ သူတို့က ကျွန်တော် လမ်းမှာ
ရေခဲမုန့် စားရင်း သူတို့ ဟော ခန်းကို ရောက်လာပါတယ်ဆိုပြီး
ဟောချင်ဟောနေတာမျိုးပါ အဲ့ လို အကြားအမြင်မျိုးက ဘာမှ သုံးစားလို့ မရ
ပါဘူး….
ကျွန်တော့် ဆရာက မေတ္တာ ပို့
ဘုရားရှိခိုးပြီး ရောက်ရောက်ချင်း အာရုံပြု ပေးပါတယ် ဆရာက ကျွန်တော့် ကို
ပြောပါတယ် သရဲ မဟုတ်တဲ့ အကြောင်း ဘီလူးတွေ ဖြစ်တဲ့ အကြောင်း ဒီအိမ်နဲ့
အနားဝန်းကျင် တစ်ဝိုက် ဟာ သူတို့ ပိုင်နက်ဖြစ်တဲ့ အကြောင်း ဆရာပြောတဲ့ နေရာ
ဟာ တော်တော် ကျယ်ပါတယ် တစ်ခြားခြံတွေ အိမ် တွေ လည်း အကျုံးဝင်ပါတယ် သူတို့
ပိုင်နက်မှာ လူတွေ လာနေတာကြောင့် ပါတဲ့ သူတို့ ဆရာဟာ တန်ခိုး အလွန်
ကြီးမားပါတယ်တဲ့ ဒါကြောင့် မေတ္တာသာထားပါတဲ့ အသံပေးခြောက်လှန့်တာ လောက်
လာမပြောနဲ့ ကားတွေကို နေရာရွှေ့ ကားတွေကို မှောက်အောင် ထိ လုပ်နိုင်တဲ့
ဘီလူးတွေပါတဲ့ ရှင်သာရိပုတ္တရာကို တင်း ပုတ်နဲ့ ထုရဲတာလည်း ဘီလူးပါ ဘုရားနဲ့
ဖက်သတ်တာလည်း အာဠာဝက ဘီလူးပါ တဲ့ ဒါကြောင့် စရိုက်ကြမ်း တဲ့ ဘီလူးတွေမို့
မေတ္တာသာထားပါလို့ ဆရာကဆိုပါတယ်…
အော် ကျွန်တော် ပြောဖို့ တစ်ခု
ကျန်ခဲ့ပါတယ် ကျွန်တော် တို့ အိမ်နားက ခြံတစ်ခုမှာ ကားမောင်းတဲ့ သူ လည်း
ပြောင်းပြေးသွားပါတယ် သူ့ အလုပ်ရှင်က နေဖို့ ပြောပေမယ့် အလုပ်ထွက်ပြီး ကို
ပြေးသွားတာပါ သူနဲ့ နောက် ပြန်တွေ့လို့ မေးတော့ သူလည်း သူကြုံရတာတွေကို
ပြောပြပါတယ် ခြေဆွဲ ခံရတာမျိုး အခြောက် အလှန့်ခံ ရ တာမျိုးတွေ ကို
ပြန်ပြောပြပါတယ်
ဆရာက ဆိုင်ရာပိုင်ရာတွေ
ပင့်ပြီးပရိတ်တွေ ရွတ် မေတ္တာတွေပို့ ပေးပါတယ် အမျှပေးဝေပါတယ် ပြီးတော့
အနှောက် အယှက်မပြုဖို့ အပ်ပေးပါတယ် ဆရာ့ကို မပြန်ခင် အိမ်နားက ဘုရားတွေ
ကျွန်တော် လိုက်ပို့ ပါ တယ် ဘုရားတစ်ဆူကို ကျွန်တော် တို့ တက်ဖူးတာမှာ
အလွန် ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု နဲ့ ကြုံပါတယ် ဘုရား ပေါ်မတတ်ခင်က လုံးဝ
နေပူနေတာပါ လေလည်း လုံးဝ မတိုက်သလောက်ပါ တစ်ခါ တစ်ခါ တိုက်တဲ့ လေ က လည်း
လေနုအေးလေးတွေပါ ကျွန်တော်တို့ လည်း ဘုရားတတ်ဖူးကော မိုးသားတွေ
ချက်ချင်းတတ်လာ ပါ တယ် မိုးရိပ်တွေ ချက်ချင်းကြီးကို ဆင်လာပါတယ် လေတွေ
အရမ်းကြမ်းတမ်းစွာ တိုက်လာပါတယ် အသိ အ သာကြီးမို့ ကျွန်တော်ကတော့ တော်တော်
ကျွတ်စ် သွားပါတယ် ဘာမှ တော့ ဆိုးဆိုးဝါးဝါး မဖြစ်ပါဖူး ဘုရား လာ ဖူးတာ ဟာ
ကောင်းတဲ့ အလုပ်ပါ ဒါကို ဘာဖြစ်လို့ ဒီလိုမျိုးဖြစ်လည်း ကျွန်တော်
ဥာဏ်မမှီပါ… မိုးရိပ်တွေ ချက်ချင်းတက်လာ လေတွေ အရမ်းကြမ်းတမ်းစွာ တိုက်
ကောင်းကင်ကြီး ချက်ချင်းမည်းလာတာမျိုး ပါ မသိရင် ပဲ ကျွန်တော် နဲ့ ဆရာက
သိုက်လာတူးတာ ကျနေတာပါပဲ …
ဆရာပြန်သွားပြီး နောက်ပိုင်းတွေ
မှာလည်း ပြန်ဖြစ်တာပါပဲလေ ကားပေါ်မှာ တစ်ခါ တစ်ခါ အစင်းတွေ ပြန်
ပေါ်လာတတ်တယ်..ယင်ကောင်တွေ တစ်ခါတစ်ခါ အုပ်လိုက် လာတတ်တယ် ဒါလောက်ပါပဲ…
အိပ်မက် တွေ လည်းမက်တယ်.. အိပ်မက်တွေထဲမှာ သူတို့ အကြောင်းတွေ ပါ ထဲ့
မက်တတ်တယ်.. ဆိုးဆိုးရွားရွားတွေပါပဲ အိပ်မက်တွေအရ စရိုက်တော်တော် ကြမ်းတဲ့
အကောင်တွေပါ တစ်ခါတစ်ခါ ကျွန်တော် အိပ်နေတုန်း ကျွန် တော့်ကို မည်းမည်း
အရိပ်တွေက လာလာ ပတ်နေတယ် ကျွန်တော့်မှာ လှုပ်လို့ မရ အော်လို့မရ ဒုက္ခ တွေ
အကြီး အကျယ်ရောက်ရတယ်…တစ်ခါတစ်ခါ ကျွန်တော် လိုတာထက်ကို ပိုပြီး ဒေါသ
ပိုပိုကြီးလာတတ်ပါတယ် ကျွန်တော်မှာ ကြောက်ကန်ကန်ပြီး ဆဲခဲ့မိ ဖူးတာ
တစ်ခုပဲ အပြစ်ဆိုလို့ရှိပါတယ် ကျန်တာ ဘာမှ သူတို့ အပေါ် အပြစ်မလုပ်ခဲ့ပါဘူး
မေတ္တာလည်း တတ်နိုင်သလောက်ထားပါတယ် သူတို့ ပါသူတို့ ခြံထဲမှာ စိတ်ကြိုက်
နေပေါ့ ကိုယ့်လည်း ဒုက္ခ လာမပေးနဲ့ သူတို့ကိုလည်း ကျွန်တော်က ဒုက္ခ မပေးပါဘူး
ကျွန်တော်က သူတို့ ကို သနားတဲ့ အတွက် ကမ္မ၀ါတောင် မရွတ်ခိုင်းခဲ့တာ
မဟုတ်လား… ဒီလိုနဲ့ နေမပျော်လို့ မန္တလေးကို ပြန်လာခဲ့တယ် ကိုယ့် ပဲ
ကွက်ဖြစ်နေတာမို့ ကျွန်တော်ပဲ ကံနိမ့်နေလို့နေမှာပါ အဖေကတော့ ဘာမှ
မဖြစ်ပါဖူး ကျွန်တော်ပြန်သွားပြီး နောက် ပိုင်း အဖေက သူ့ တပည့်
အသစ်တစ်ယောက်ကို အိမ်မှာ ခေါ်ပြီးနေပါတယ်…
မန္တလေး ရောက်ပြီး သိပ်မကြာဖူး
သူငယ်ချင်းဟောင်းတစ်ယောက် နဲ့ ပြန်တွေ့တယ် သူငယ်ချင်းက ဘုရား တစ် ဆူ
အကြောင်း စကားအစပ် အဆက် မရှိပဲ စပြောတယ်… ဘုရားဖောင်းရစ်မှာ ဘီလူးပုံတွေ
ထွင်းထားသတဲ့ ကြမ်းတယ် ရမ်းတယ်လို့ နာမည်ကြီးနေတဲ့ ရှေးဘုရားတဲ့ ဘုရားက
တော့ မကြမ်းဖူး ဆိုတာ လူတိုင်းသိပါတယ် ဘုရားစောင့် ဘီလူးတွေ နတ်တွေက
ကြမ်းတာနေမှာပါ… ကျွန်တော်က နယ်မှာ ဘီလူးကိစ္စ ကြုံလာခဲ့ သူမို့
သူငယ်ချင်းကို သူပြောတဲ့ ဘုရား သူ့ပဲ လိုက်ပို့ ခိုင်းတယ်… ကျွန်တော်
မမေးပဲ သူက စပြောတာမှာတင် နည်း နည်း တော့ ထူးဆန်းနေပြီလေ…ဘုရားကို
ဖူးခဲ့တယ်..
ဖြစ်ရပ်မှန် များသာဖြစ်ပါတယ် အိမ်ထဲ
အိမ်ပြင်၌ ဆိုးဝါးစွာ အသံပေးတာမျိုးတွေ လည်းရှိခဲ့ပါတယ် ကျွန်တော်
စာရေးရင်း ကျန်ခဲ့တာပါ နောက် တစ်ခေါက် အဖေ့ ဆီပြန်ရောက်သော အခါ ဘာမှ
မဖြစ်တော့ပါ ကျွန်တော် လည်း စိတ်သန့် စွာ နေနိုင်သွားပါပြီ… တစ် ချို
့တွေက ပြောတယ် သူတို့ တွေက ကိုယ့်ကို မေတ္တာရှိရင် ကိုယ့် အကျိုးကိုတောင်
ဆောင်ပေးမှာတဲ့….အရင်တုန်းက ကျွန်တော်ကိုယ်တိုင်က ကြောက်ကန်ကန်နေတာ နေ မှာ
ပါ….မရဲသော်လည်း ပြေးခဲစေ ဒီအိမ်မှာ အဖေနဲ့ ကျွန်တော် ကြာကြာလေ
နေအုံးမှပဲ….မြို့ နာမည်များ လွှဲ ထား ပါသည်…
အောင်ပိုင်
0 comments:
Post a Comment
သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)