Home » » ♥ ဘ၀ဆိုတာ ခဏလေးပါ ♥

♥ ဘ၀ဆိုတာ ခဏလေးပါ ♥

Written By Unknown on Thursday, January 8, 2015 | January 08, 2015

ဘ၀ဆိုတာခဏလေးပါ ....... လူ့ဘ၀မှာနေခွင့်ရတဲ့ အချိန်လေးဟာ ခဏလေးပါပဲ ......
 ရေခဲတုံးလေးတွေကို ထိုင်နေတဲ့ လူပုံစံသွန်းထားပြီး လေဟာပြင်မှာ
 တန်းစီထားတဲ့အချိန် ကခဏလေးပါ ........ ကျွန်တော့်တို့ဘ၀လည်းသည်လိုပါပဲ လူ့ဘ၀မှာနေရတဲ့အချိန်လေးဟာခဏလေးပါ ...... လူအများအားဖြင့်တော့ နေ့စဉ်နေ့တိုင်း အလုပ်များဖြင့်သာ သံသရာလည်ပြီး အချိန်ကုန်ဆုံးသွားကြသည်မှာများသည် ...... 
ကျွန်တော်အပါအ၀င်ပေါ့ အချိန်တွေဖြုန်းတီးနေတဲ့အထဲမှာပေါ့ ........
 နှစ်သစ်သာရောက်လာတာ စိတ်သစ်ကိုယ်သစ်နဲ့ ဘ၀ကိုမဖြတ်သန်းနိုင်ပဲ
 နှစ်ဟောင်းကလိုပင် ပျင်းရိစရာကောင်းတဲ့ နေ့ရက်တွေကိုဖြတ်သန်းနေရတယ် ...... 
တစ်ခါတစ်ခါ ရုန်းထွက်ဖို့ကြိုးစားပေမဲ့လည်း အခွင့်မသာလို့ ဘ၀ရည်မှန်းချက်ကိုပင်
 စွန့်ပစ်ရတော့ အလားးးးးးးးး.......
 (လုပ်ခွင့်သာတဲ့လူသာ လုပ်ခွင့်သာသလို လုပ်တတ်ကြတာ လောကဓမ္မတာပါပဲ ။) 
                                                                                 ♥
ဘ၀ဆိုတာခဏလေးဆိုတဲ့အကြောင်းကို အနုပညာသမားလေးတစ်ဦးက
 Performance လေးတွေနဲ့ သရုပ်ပြသွားပါတယ် ။
 ရေခဲတုံးလေးတွေကို ထိုင်နေတဲ့ လူပုံစံသွန်းထားပြီး လူတကာကြည့်ခွင့်ရအောင်
 လေဟာပြင်မှာ ဖွင့်ပြခွင့်ရတဲ့ အချိန်က ခဏလေးပါ .......
 သူ ဒီလို ပြခွင့်ရဖို့ ပြင်ဆင်ခဲ့ရတဲ့ လုပ်ငန်းဆောင်တာ အဆင့်ဆင့် တွေက မနည်းလှပါဘူး။ 
ဒါပေမယ့်... ဒီအနုပညာသမား ကတော့ ကျေနပ်သွားရှာတယ်။ 
ဘာလို့လဲ ဆိုတော့... သူ့ရဲ့ဒီ Performance ခေါင်းစဉ် ကိုက ဘ၀ ဆိုတာ ခဏလေးပါ၊ တဲ့။
 အရင် အရည်ပျော်ကျသွားတဲ့ အရုပ်လေးတွေကို နှမျော တမ်းတရင်း ထိုင်ကြည့်နေတဲ့ ပရိသတ်တွေရင်ထဲ ဆွေးမြည့်မြည့် ကျန်စေခဲ့လို့ပဲ ........ 
ဘလော့အကို၊အစ်မများလည်း နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေနော် ...

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation