Home » , » ငါမအားသေးဘူးလေနော်

ငါမအားသေးဘူးလေနော်

Written By Unknown on Saturday, February 14, 2015 | February 14, 2015



★ လာချင်ရင်လည်း လာပေါ့။ တားပိုင်ခွင့်မှ မရှိတာ။ ထွက်သွားလည်း မတားပါဘူး။ ငါ့ကိုယ်ငါတောင်မှ မပိုင်တာလေ။

★ အယူအဆချင်း တူဖို့လဲ မဆွဲဆောင်ပါဘူး။ စိတ်ဓါတ်ချင်းတူဖို့လည်း ညှိမယူပါဘူး။ ငါ့ကိုယ်ငါတောင် သင်ယူနေရတုန်းဆိုတော့။

★ မင်းမုန်းမှာလည်း မပူသလို၊ မင်းမေတ္တာကိုလည်း မတောင့်တပါဘူး။
အေးအောင် နေတက်ဖို့ ကျင့်နေရတာနဲ့တင် ငါမအားသေးလို့ပါ။

★ သံယောဇဉ် မရှိမဟုတ်ပါ။ 
သို့သော် ကင်းအောင်နေတက်ဖို့ကို ငါ့ကိုယ်ငါလည်း သင်နေသလို ငါ့အနီးစပ်ဆုံးတွေကိုလည်း စွမ်းသမျှသင်ပေးတယ်။
★ ဒေါသ ဟုတ်လား။ ဒါတင်မကသေးဘူး လောဘနဲ့ မောဟလည်း
ရှိသေးတယ်။

★ နောက်ပြီး ငါမကျွမ်းကျင်တဲ့ ဟန်ဆောင်မှုကို သဘောမကျလို့...
မင်းသဘောမကျတက်တာတော့ ဘာပြောရမှန်းမသိပါ။

★ ငါ့စိတ်တိုင်းကျ ငါနေတတ်သလို ငါ့စိတ်တိုင်းကျ ငါမနေဖို့ ကိုလည်း တစ်ဖက်က ကျင့်နေရသေးတာဆိုတော့ နားလည်ဖို့ မတောင်းဆိုပါဘူး။နားလည်မှု့ဆိုတာ လွယ်တဲ့အရာမှ မဟုတ်တာကို ငါလည်း သိနေတာပဲ။

★ သိတာလေးတွေကိုတောင် ကျင့်နိုင်ဖို့ အသဲအသန်ကြိုးစားနေရတဲ့
အခြေအနေဆိုတော့ လောလောဆယ် ငါမအားဘူးလေနော်။

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation