Home » » "စစ်သား တယောက်ရဲ့ သေတမ်းစာ"

"စစ်သား တယောက်ရဲ့ သေတမ်းစာ"

Written By Unknown on Tuesday, February 17, 2015 | February 17, 2015


(တိုက်ပွဲ ၀င်နေကြသော ညီအကို များအစာ့း ....ကျွန်တော်ကိုယ်တိုင် စစ်သားတယောက်အနေဖြင့် ခံစားရေးသားထားပါသည်။)
ကာရံငယ်..
:( :( :(
အကြောင်းအမျိုးမျိုးကြောင့်
ကျွန်တော် အိမ်မပြန်ဖြစ်ခဲ့ရင်
နားလည်ခွင့်လွှတ်ပါ အဖေ--- နဲ့ အမေ..။

စစ်ပွဲဆိုတာ
ပန်းတွေပွင့်နေတဲ့လောကထဲမှာ
ယမ်းတွေနဲ့  အသက်လုပြီး

ကစားနေတဲ့
ဇာတ်လမ်းလေးတွေဖြစ်တာကြောင့်
အကယ်၍ သားမရှိ တဲ့ အခါ....
အဖေနဲ့ အမေ ကျန်းမာရေး ဂရုစိုက်ပါ.....။

ချို့ တဲ့ လွန်းတဲ့ တောတောင်ထဲ မှာ...
ကျွန်တော်  ကြိုက်တတ်တဲ့ ...ဟင်း...၊
အမေချက်ကျွေး နေတတ် တဲ့....
အစားအစာတွေ....ဘယ်မှာ ရှိအလဲ အမေ...။

အမေ မွေးခဲ့ တဲ့ သား....
ငယ်ငယ်က သတ္တ၀ါလေးတွေ ကို မသတ်ပါနဲ့လို့ 
တဖွဖွ ပြောခဲ့ ပေမယ့် 
သား...ကိုယ့် နိုင်ငံကအတွက်
သွေး သား အချင်းချင်း
အသက် လုနေရတယ်အမေ..။

အဖေရော....
အဖေ...သိခဲ့တဲ့ စစ်သားဘ၀နဲ့
ကျွန်တော်ရှိနေတဲ့ စစ်သားဘ၀ ကွာခြားခဲ့တာ
အဖေ သိမှ သိပါလေ---

အဘိုးတော်လှန်ခဲ့တဲ့ နယ်ချဲ့မျိုးတွေ၊...............
အဖေ တိုက်ပွဲဝင်ခဲ့တဲ့ လက်ပါးစေတွေ....................
အခု ကျွန်တော်တိုက်ခိုက်နေရတာက
သွေးသားရင်းခြာတွေ---

ကျွန်တော့်ရင် ၊ ခံစားချက်ကို
ကတုတ်လုပ်ပစ်လိုက်ရမှာ
သေချာစဉ်းစားကြည့်ရင် မတန်တရာ
ဒါပေမဲ့လေ---

အနောက်မှာနေထွက် အရှေ့မှာနေ၀င်
အမိန့်သာလျှင် စစ်သားအတွက် သစ္စာ
နာခံရပေ မှာပေါ့ ---

မှန်ခြင်း၊ မှားခြင်း အတ္တကင်းကင်းနဲ့
ရှုမြင်နိုင်တဲ့နေ့
အဖေသိတဲ့ စစ်သားဘ၀မျိုးကို
ပြည်သူတွေတောင်းတတဲ့
ငြိမ်းချမ်းရေးမျိုး.....

တိုက်ပွဲမှာ လောကကြီးကို
သား..အပြီးတိုင် နူတ်ဆက်ခဲ့ ရရင်......
နောက်ဘ၀....
သားတို့ ရင်းတဲ့ သွေးနဲ့....
အမိမြန်မာပြည်ကြီး.....
စည်းလုံးပြီး ငြိမ်း ချမ်းနေတာကိုပဲ
မြင်ချင်မိပါတယ် အဖေ...။.....
(ကာရံငယ်...._) :(
www.yetayzakyaw1500.blogspot.com

0 comments:

Post a Comment

သင်၏ Comment တစ်ခုဟာ
စာရေးသူအတွက် ...အားဆေးပါ..။
(တခုတခုတော့ ရေးသွားနော်)

Followers

Trending




Home

Myanmar Tourism Federation